ကနေဒါနိုင်ငံတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၆ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

Shan State Channel
20-12-2022

ကနေဒါနိုင်ငံ၊ ဗော်ဟန်မြိုက လူနေအဆောက်အအုံတခုမှာ ဒီဇင်ဘာ ၁၈ ရက်က ပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် သံသယရှိသူ အပါအဝင် လူ ၆ ဦးသေဆုံးပြီး တခြား လူ ၆ ဦး ဒဏ်ရာရရှိခဲ့လို ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ရပ်လို မြိုတော်ဝန်က ပြောပါတယ်။

Photo/ Crd:


တိုရွန်တိုမြိုရဲ့ မြောက်ဘက် ၃၁ မိုင်ဝေးတဲ့ ဗော်ဟန်မြိုက ကွန်ဒိုတိုက်ခန်းမှာ ည ၇ နာရီ မိနစ် ၂၀ လောက်က အမျိုးသားသေနတ်သမားအကြောင်းကို ရဲတွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။

ရဲတပ်ဖွဲက စင်္ကြံတခုမှာ သံသယရှိသူကို တွေ့လို ပစ်ခတ်ခဲ့တဲ့အတွက် မိနစ် ၄၀ လောက်အကြာမှာ သေဆုံးသွားခဲ့တယ်လို အွန်တေရီအိုပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးယူနစ် (SIU) ပြောခွင့်ရသူက သတင်းထောက်တွေကို တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

အဲဒီနောက် အာဏာပိုင်တွေက ကွန်ဒိုရဲ့ အထပ်ပေါင်းများစွာက လူသေအလောင်းတွေအပြင် ပစ်ခတ်ရာမှာသုံးတဲ့ လက်နက်လို သံသယရှိတဲ့ semi-automatic handgun အမျိုးအစား သေနတ်ကိုလည်း တွေ့ခဲ့တယ်လို အာဏာပိုင်တွေက ပြောပါတယ်။

ဗော်ဟန်မြို ရဲစခန်းမှူး ဂျင်မ် မက်ဆွင်းက သံသယရှိသူဟာ အဆောက်အဦအတွင်း နေထိုင်သူ ဖရန်ဆက်စကို ဗီလီလို သတ်မှတ်ခဲ့ကြောင်း ပြောပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဘယ်အချက်အလက်တွေကိုမှ မမျှဝေထားပါဘူး။
ကနေဒါနိုင်ငံမှာ သေနတ်ဥပဒေဟာ အမေရိကန်ထက် ပိုတင်းကျပ်ပေမဲ့ ကနေဒါနိုင်ငံသားတွေက သူတိုမှာ လိုင်စင်ရရှိထားတဲ့ သေနတ်တွေကို ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ကန့်သတ်တားမြစ်ထားတဲ့ သေနတ်တွေကိုတော့ မှတ်ပုံတင်ပြီးမှ ကိုင်ဆောင်ခွင့်ရှိပါတယ်။
Crd – original source

Latest articles

spot_imgspot_img

Related articles

spot_imgspot_img