ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်KIA ဌာနချုပ်ရှိရာလိုင်ဇာဘက် လက်နက်ကြီးကျရောက်

ဒီဇင်ဘာ ၂၁ ၊ ၂၀၂၂ ခုနှစ်

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို လက်နက်ကြီး ကျရောက်ခဲ့တာဖြစ်ပြီးဒီဇင်ဘာ ၁၉ ရက် ညနေပိုင်း ၃ နာရီ‌ကျော်ခန့်က လက်နက်ကြီးသံ နဲ့ သေနတ်ပစ်ခတ်မှု ၁၀ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို ဒေသခံတွေဆီက သိရပါတယ်။

photo/ Crd:

“လိုင်ဇာဘက် ပစ်တာ ဟုတ်တယ်။ မနေ့ညနေ ၄ နာရီ ဝန်းကျင်ခန့်က ၆ ကြိမ်လောက် ကြားလိုက်တယ်။ တခြား ဘာမှ ထိခိုက်တာမျိုးတော့ မကြားဘူး။” လို ဒေသခံတဦးကပြောပါတယ်။

ခါ့ယာ၊ ဖွန်းပိန်တောင်ဘက်ကနေ မနေ့ညနေ ၃ နာရီခွဲ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လိုင်ဇာဘက်ကို လက် နက်ကြီး ပစ်လိုက်တာကြောင့် မြိုအနီးနား ကျရောက်ပေါက်ကွဲတာတွေရှိခဲ့ပြီး ဒေသခံတွေ ထိတ်လန့်စိုးရိမ်နေကြတယ်လို သိရပါတယ်။

“၃ နာရီ ဝန်းကျင်မှာလေ။ အဲဒီ တောင်ပေါ်ကနေ ၁၀ ကြိမ်လောက်ကြားတယ်။ ထမင်းချက်နေချိန် အလန့်တကြား လက် နက်ကြီးပစ်သံ ကြားလိုက်တယ်။ ကျမတိုက ဘေးနားက ကတုပ်ကျင်းမှာ ပြေးဝင်ပုန်းလိုက်တာ။ ထမင်အိုးတောင် တူးကုန်မှ ပြန်ထွက်လာရတယ်။”လို ဒေသခံ အမျိုးသမီးတဦးက ရှင်းပြပါတယ်။

နယ်စပ်တလျှောက်မှာလည်း တရုတ်စစ်တပ်တွေက ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက နယ်ခြားမှတ်တိုင် အမှတ် ၈ တကြော ‌စစ်ရေးတွေ လေ့ကျင့်နေတာ တွေ့ရတယ်လို ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာလည်း ဗဟိုဌာနချုပ် နယ်မြေဖြစ်တဲ့ ဆိုင်မိုင်ပါဘက်မှာ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပဲ လက်နက်ကြီးတွေ ပစ်ခတ်နေတာ လို ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗိုလ်လောင်းသင်တန်းထဲကို ၁၀၅ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို KIA ဗိုလ်လောင်းသင်တန်းကျောင်းကို တက်ရောက်နေကြတဲ့ ပလောင် (တအန်း) အမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲက ၁၁ ဦး၊ ဒုတိယ အများဆုံးကတော့ ရက္ခိုင့်တပ်မတော် (AA) က ၈ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က ၂ ဦး၊ ချင်းအမျိုး သား တပ်ဦး (CNF) က ၂ ဦးပါဝင်ကာ စုစုပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Photo Crd – Original Uploader

#လက်နက်ကြီး #လိုင်ဇာ #KIA # SSCH

Latest articles

spot_imgspot_img

Related articles

spot_imgspot_img