ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နားအော်ကျေးရွာအုပ်စု နားအော်လေးရွာတွင် နေထိုင်သူ အမျိုးသမီး လွေးအမ်ဆွယ်သည် ၂လအကြာခန့် ပျောက်ဆုံးနေပြီး ယခုချိန်ထိ အဆက်သွယ်မရရှိသေးကြောင်းသိရှိရသည်။
ပျောက်ဆုံးနေသော အမျိုးသမီးသည် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်က မန္တလေး မှ လားရှိုးသို့ ပြန်လာခဲ့ပြီးနောက် လားရှိုးမြို့ရှိ တည်းခိုခန်း တစ်ခုတွင်တည်းခိုခဲ့ပြီး အဆက်သွယ်ပြတ်တောက်ခဲ့သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် စစ်ကောင်တို့ အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏဆိုသလို လူပျောက်တာတွေ ဖြစ်ပွားနေကြောင်း သိရှိရသည်။
Source : Credit