ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဉီး၏ သားက မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက် သိန်း ၆၅၀ ဖြင့်ရောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဉီး၏ သားက မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက် သိန်း ၆၅၀ ဖြင့်ရောင်း

Photo : Credit

ရှမ်းပြည်နယ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၏သားဖြစ်သူ ဗိုလ်ကြီးဟောင်း ကျော်ဇေနိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် မြေကွက်များကို အကွက်ရိုက်ပြီး တစ်ကွက် ကို သိန်း ၆၅၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ခွင့်ပြုချက်ပေးပြီး အကျိုးအမြတ်ကို တစ်ဝက်စီ ခွဲယူကာ လားရှိုးတွင် ထင်းရှုးမြိုင် တန်ဖိုးနည်းအိမ်ရာ ဟုဆိုကာ မြေကွက်များကို တိုင်းမှူးသားက အကွက်ရိုက် ရောင်းချနေခြင်းဖြစ်ကြောင်း တစ်ကွက်လျှင် သိန်း၆၅၀ ဖြင့်ဖော်ထုတ်ရောင်းချနေကြောင်း သိရှိရသည်။

လားရှိုးသည် စစ်အစိုးရခေတ်အဆက်ဆက်တွင် ပါဝါ ၊ အရှိန်အဝါ အာဏာ များကို အလွဲသုံးစွဲ၍ မြေကွက်များကို အကွက်ရိုက်ရောင်းချမှုများ ရှိကြောင်းသိရှိရသည်။

Source : Credit

Latest articles

spot_imgspot_img

Related articles

spot_imgspot_img