ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ တွင် လက်နက်ကိုင်အဖွဲ့အစည်းအမည်အလွဲသုံးစွဲ၍ ငွေကြေးလိမ်လည်မှုဖြစ်ပွား

ယမနေ့  ၁ . ၁၁ . ၂၀၂၂ နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် အမည်မသိလူတစ်စုမှ KIO/KIA အဖွဲ့စည်းအမည်အလွဲသုံးစွဲ၍ စက်သုံးဆီ ပန့်ဆီဆိုင် နှင့် စတိုးဆိုင် တစ်ချို့ကို ဆက်ကြေးပေးသွင်းရန် ငွေကြေးလိမ်လည်မှုဖြစ်ပွားခဲ့သည်။

Photo : Credit

တန့်ယန်းမြို့ခံတစ်ဉီးက – “ မနေ့က မနက်ပိုင်း ၈ နာရီ လောက်မှာ စိန်ပန်းပန့်ဆီဆိုင်ကို KIO/KIA အဖွဲ့အစည်းအမည်နဲ့ ဆက်ကြေး သိန်းငါးဆယ် လွဲပေးရန်ဖုန်းဝင်လာတယ် ၊ အလားတူပဲ စတိုးဆိုင်တစ်ခုကိုလည်း KIO/KIA အဖွဲ့အစည်းအမည်နဲ့ပဲ ဆက်သွယ်လာတယ် ဖုန်းထဲ ဆက်ကြေးငါးသိန်း Kpay နဲ့လွဲပေးဖို့ပြောလာတယ် သူတို့ကိုယ်တိုင်လာရောက်ကောက်ခံရရင် ဆယ်သိန်းပေးရမယ်လို့ ပြောလာတယ်” ၊ SSPP/SSA အုပ်ချုပ်ရေးသက်ရောက်ရာ နေရာဖြစ်သည့်အတွက်  SSPP/SSA မှတာဝန်ရှိသူကို သွားရောက်အကူညီတောင်းခံတယ် SSPP/SSA တာဝန်ရှိသူမှ KIO/KIA တာဝန်ရှိသူများကိုဆက်သွယ်မေးမြန်းခဲ့ရာ အမည်အလွဲသုံးစွဲပြီး ငွေကြေးလိမ်လည်နေသည်ကို သိရှိရပြီး ထိုအမည်အလွဲသုံးစွဲသူလူတစ်စုကို  စုံစမ်းစစ်ဆေးဖို့ ဆက်သွယ်ခဲ့ရာ ဖုန်းစက်ပိတ်သွားခဲ့သည် “ဟုပြောသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင်လည်း TNLA အမည်အလွဲသုံးစွဲ၍ ဆက်ကြေးလိမ်လည်တောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး  မြို့နယ်အသီးသီးတွင်လည်း လက်နက်ကိုင်အဖွဲ့စည်းအမည်များ အလွဲသုံးစွဲ၍ ငွေကြေးလိမ်လည်မှုများရှိနေသည်ဟုသိရှိရသည်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img