ရှမ်းပြည်နယ်မြောင်ပိုင်း ကွက်ခိုင်မြို့တွင် စစ်ကောင်စီ ဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ကချင်နှစ်ခြင်း ကျမ်းစာသင်ကျောင်းဝင်းထဲသို့ကျရောက်ခဲ့သောကြောင့် ကျောင်းသား ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
နိုဝင်ဘာလ ၃ရက် ၂၀၂၂ ၊ ညပိုင်း ၈ နာရီခန့်တွင် စစ်ကောင်စီတပ် မှ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး လက်နက် ၁ လုံးမှာ ကျမ်းစာသင်ကျောင်းက အမျိုးသားအဆောင်ကို ထိမှန်ခဲ့သောကြောင့် ကျောင်းသား ၄ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့ကြောင်းလည်း သိရှိရသည်။
Source : Credit