ရှမ်းမြောက် ကျောက်မဲမြို့နယ်က အမျိုးသားတစ်ဦးဟာ တအာင်း တပ်မတော် TNLA အရာရှိတစ်ဦးရဲ့နာ မည်ကို အသုံးပြုပြီး ငွေသိန်းထောင်ချီ လိမ်လည်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ လိမ်ခံရသူတွေ က ပြောပါတယ်။
အထွတ်(ခေါ်) ကျော်ဇင်ထွတ် နာမည်နဲ့ အမျိုးသားတစ်ဦးက သူ့ကိုယ်သူ တအာင်းတပ်မတော်အတွက် စီး ပွားရေး ရန်ပုံငွေ ရှာတဲ့ တာဝန်ယူထားကြောင်း၊ သူ့အလုပ်အကိုင်က မြေယာရောင်းဝယ်ရေး၊ ကားအရောင်းအဝယ်၊ ဟိုတယ်နဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတွေလုပ်ကိုင်နေတယ် ဆိုပြီးတော့ လိုက်လံလိမ်လည်နေတယ် သိရပါတယ်။
လိမ်ခံရတဲ့ အမျိုးသားတစ်ဦးက – “ သူက သူ့ကိုသူ တားစနေ ( TNLA အရာရှိတစ်ဦးနာမည် ) လို့ပြောတယ်။ သူက စီးပွားရေးလိုင်းတဲ့။ မူဆယ်တွေမှာရော ဟိုတယ်တွေဘာတွေလည်း ပိုင်တယ်။ စီးပွား ရေးအစုံလုပ်တယ်ပေါ့။ သူ့ကိုတောင် အိမ်မှာ ကောင်းကောင်းမွန်မွန်ထမင်းဖိတ်ကျွေးသေးတယ်။ သူနဲ့ ရှယ်ရာဝင်ဖို့ ပိုက်ဆံလည်း အိမ်မှာပဲ သူ့ကို ထုတ်ပေးလိုက်တာ။ ခါးမှာလည်းပစ္စတိုနဲ့ အတုလား အစစ်လား တော့မသိဘူး။ တအာင်းအချင်းချင်းတွေပဲဆိုပြီးတော့မှ ယုံပြီးပေးလိုက်တာ ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ လကုန်ပိုင်းမှာ ကားဝယ်ဖို့အတွက်ဆိုပြီး မြန်မာ ကျပ်ငွေ သိန်း(၃၆၀) လိမ်ခံခဲ့ရတာဖြစ်ပြီး နီးစပ်တဲ့ အသိမိတ်ဆွေတွေလည်း အလားတူပဲ အဲ့ဒီအမျိုးသားရဲ့ လိမ်လည်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။
ဆက်လက်ပြီး ၎င်းက “ ကျွန်တော်အလိမ်ခံရတာ မကြာသေးဘူး နောက်ထပ် အစ်ကိုတစ်ယောက်က ဟို တယ်ကိစ္စ ရှယ်ရာဝင်ဖို့ ဆိုပြီး သိန်း ( ၅) ထောင်ထပ်လိမ်ခံရတယ်။ နောက်တစ်ယောက် ဝတိုင်းရင်းသား အစ်ကိုတစ်ယောက်လည်း တရုတ်ငွေ သိန်းဂဏန်းပါသွားတယ်။ သူလိမ်သွားတဲ့ငွေတွေက သိန်းသောင်း ချီ ရှိလောက်တယ်။ ကျွန်တော့ သူငယ်ချင်းတောင် သိန်းတစ်ရာပါသွားတော့မလို့ အသိပေးတာ စောလို့ ပြန်ရလိုက်တာ” လို့ ပြောပါတယ်။
အထွတ်ဆိုသူက ဦးဆောင်ပြီး အဖွဲ့သား အားလုံး ၆ ဦးခန့်ရှိတယ်လို့ သိရှိရပြီး လက်ရှိမှာ ဦးဆောင်တဲ့ အမျိုးသားက မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သတင်းရတားပါတယ်။
Source – Local