မူဆယ်မြို့နယ်က တရားသူကြီး ပစ်ခတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှ မြို့နယ်တရားသူကြီး ဦးရာဇာမင်းစိုးဆိုသူသည် မနေ့ ညနေပိုင်းအချိန်မှာ ပစ် ခတ်ခြင်းခံရပြီး သေဆုံးသွား တယ်လို့ဒေသခံတွေစီက ကြားသိရပါတယ်။

Photo Crd:
Photo Crd:

မနေ့က အောက်တိုဘာ ၆ ရက် ညနေပိုင်း ၅ နာရီကျော် အချိန်က မူဆယ်မြို့နယ် တရားရုံးကနေ ပြန်လာတဲ့ မြို့နယ် တ ရားသူကြီး ဦးရာဇာမင်းစိုးသည် မူဆယ်မြို့နယ် ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်အရောက်မှာ ဆိုင် ကယ်မောင်းနှင်လာတဲ့ အမည်မသိလက်နက်ကိုင် နှစ်ဦးမှ လာရောက်ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလာတာ တစ်ယောက်က ဆင်းလာပြီး သူ့ရဲ့ကားနားထိလာပစ်သွားတာ ကားအပြင် ကနေ ကားထဲကိုပစ်ထည့်တာ ၄ ချက်လောက်ပစ်သွားတာ  သူ့ရဲ့ရုပ်အလောင်းကိုတော့ ဆေးရုံသယ်သွားကြတယ် လို့ ဒေသခံတစ်ဦးကပြောပါတယ်/

တရားသူကြီး ဦးရာဇာမင်းစိုးကို ပစ်ခတ်သွားတဲ့ အမျိုးသားနှစ်ဦးဟာ ဘယ်သူ ဘယ်အဖွဲ့ကလဲ ဆိုတာမသိရသေးသ လို မူဆယ်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံက ဝန်ထမ်းတွေ မကြာခဏဆိုသလို ပစ်ခတ်ခြင်း ၊ မိုင်းခွဲတိုက်ခိုက် ခြင်း ခံရတာတွေရှိခဲ့ဖူးပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img