ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ရေအားလျှပ်စစ်အနီးရှိ မြို့မ ပြည်သူ့စစ် တပ်စခန်းတစ်ခုကို TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးထံကကြားသိရပါတယ်။
ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၄ နာရီ ကျော်အချိန်မှာ မူဆယ်မြို့နယ် ရေအားလျှပ်စစ်အနီးရှိ အမှတ်(၃) မြို့မ ပြည်သူ့စစ် တပ်စခန်းတစ်ခုကို ပလောက်တပ်ဖွဲ့ TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့မှ ဝင်ရောက် တိုက်ခိုက်လို့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားကြတယ်လို့ မူဆယ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီနံနက် ၄ နာရီကျော်ကျော်လောက်မှာပေါ့ သေနတ်သံတွေကြားရတယ် အစတော့ ပြည်သူ့စစ်အချင်းချင်းစကားများ ပြီးပစ်ကြတာလားလို့ထင်တာ ခဏလေးနေတော့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြောပြတာလေ ပြည်သူ့စစ် စ ခန်းကို TNLA နှင့် PDF တို့ ပူးပေါင်းပြီးလာတိုက်လို့ နှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ပြောပြတယ် တိုက်ပွဲတော့ နာရီဝက် ကျော်ကျော်လောက်ဖြစ်တယ်။ ပြည်သူ့စစ်နေအိမ်တစ်ချို့ကို ကျည်ဆံတွေထိတယ် ပြည်သူ့စစ်တပ်စခန်းတော့ ဘယ် လောက်ထိလဲတော့မသိဘူး လူထိတာကိုတော့မကြားရဘူး” လို့ဒေသခံအမျိုးသားတစ်ဦးကလဲ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း မူဆယ်မြို့နယ်က ပြည်သူ့စစ်တပ်ဖွဲ့နှင့် ဒေသတွင်းလုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများ ၊ မိုင်းခွဲတိုက်ခိုက်မူ့များ မကြာခဏဆိုသလို ဖြစ်ပွားနေတာ ဖြစ်ပါ တယ်။