ယနေ့ မနက်ပိုင်း 4: 40 ခန့်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောင်းကျေးရွာအုပ်စု ပန်ပွဲကျေးရွာ ဒေသ ခံတစ်ဦး ၏ မြေပဲခြံထဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ SSPP/SSA တပ်သားတစ်ဦးထိခိုက် ဒဏ်ရာရသွားတယ်လို့ သိရှိရသည်။
ဒေသခံတစ်ဦးပြောကြားချက်အရ – ” ဟုတ်ပါတယ် ၊ ဒီမနက်အစောပိုင်း 4 : 40 လောက်မှာ ရွာနားမှာ လက်နက်ကြီးသံတစ်ချက် အကျယ်ကြီးကြားလိုက်တယ် ၊ ပေါက်ကွဲမှု ဖြစ်စဉ်နား တာဝန်ရှိသူများ သွားရောက် ကြည့်ရှူ့စစ်ဆေးခဲ့တာ စိုင်းတိ ဆိုတယ့် သူရဲ့မြေပဲခြံအတွင်းမှာဖြစ်ပွားခဲ့တယ် ၊ တာဝန်ရှိသူများပြောတာတော့ RPG 2 အမျိုးစားဖြစ်တယ်လို့ပြောတာကြားပါတယ်။ ဘယ်အဖွဲ့က ပစ်လွတ်လိုက်တယ်ဆိုတာတော့ တာဝန်ရှိသူတွေ စီစစ်နေတုန်းပဲ ဘယ်အဖွဲ့ကပဲ ဖြစ် ဖြစ် ဒီလိုလုပ်တာကတော့ ကျွန်တော်တို့ပြည်သူတွေအတွက် ခြိမ်းခြောက်ရာကျတယ် ပြီးတော့သွားလာရတာ မလုံခြုံဘူး တကယ်လို့ နံနက်အစောပိုင်းမဟုတ်ပဲ ခြံထဲမှာလူရှိနေတဲ့အချိန်ဆိုရင် အလကားသေရမှာက ပြည်သူတွေပဲလေ အဲ့နား လေးမှာ SSPP/SSA အဖွဲ့တို့ရှိတယ် ဂိတ်စောင့်ကင်းစောင့်နေတာလေ သူတို့တပ်သားတစ်ယောက်ထိပြီးဒဏ်ရာရသွားတာသိရတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတဲ့ မြေပဲခြံအနီးမှာ SSPP/SSA တို့ရဲ ဂိတ်စခန်းငယ်တစ်ခုရှိပြီး ပေါက်ကွဲမူကြောင့် SSPP/SSA တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတာဖြစ်ပြီး ဒီပစ်ခတ်မူဟာ ဘယ်အဖွဲ့ က ဘယ်နေရာကနေပစ်ခတ်လိုက်တာလဲ ဆိုတာ SSPP/SSA တာဝန်ရှိသူတွေ စစ်ဆေးလေ့လာ နေတုန်းလို့ ဒေသခံ တစ်ဦးကလဲ ဆိုပါတယ်။