ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင်း မြို့လယ်ကျောင်းတွင် ဆီးချိုရောဂါဖြင့် သက်တော် ၅၆ နှစ်အရွယ် ကျောင်း ထိုင်ဆရာတော်ကြီးတပါး ယနေ့ညနေပိုင်းက ပျံလွန်တော်မူသွားကြောင်း ဒေသခံတွေစီကသိရပါတယ်။
ပျံလွန်တော်မူသွားသော ဆရာတော်မှာ မိုင်းကိုင်မြို့နယ် မြို့လယ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဖြစ်ပြီး သက်တော် ၅၆ နှစ်နှင့် ဝါတော် ၃၆ ဝါရှိပြီဖြစ်တဲ့ အရှင်ဘဒ္ဒန္တ ဝါရိန္ဒ ဖြစ်ပါတယ်။
ဆရာတော်သည် ယနေ့ အောက်တိုဘာ ၀၇ နေ့တွင် ဆေးကုသရန် မိုင်းကိုင်မြို့မှ တောင်ကြီးမြို့သို့ ပို့ဆောင်နေစဉ် တောင်ကြီးမြို့မရောက်ခင် မိုင်းပွန်မြို့အဝင်မှာ ညနေပိုင်း ၁၂ နာရီ ၄၅ မိနစ်တွင် ပျံလွန်တော်မူပြီး ဆရာတော်၏ ရုပ်က လပ်တော်အား မိုင်းကိုင်မြို့လယ် ကျောင်းတိုက်သို့ပြန်လည်ယူဆောင်ခဲပြီး ယနေ့ အောက်တိုဘာ ၀၈ ရက်နေ့တွင် မီးသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။
ပျံတော်မူသွားသော ဆရာတော်သည် ဗုဒ္ဓဘာသာပြန်ပွားရေးအတွက် ကျောင်းသစ်ဦးဆောင်တည်ထောင်ခြင်း ၊ မိုင်းကိုင်မြို့ထဲက ဝုန်းမေတ္တာငွေစုငွေချေး အဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့ခြင်းနှင့် စစ်ဘေးရှောင်အကူအညီရရှိရေးအတွက်လဲ ဦး ဆောင်ကူညီခဲတဲ့ ဆရာတော် တစ်ပါးဖြစ် ပါတယ်။