ဖားကန့်မှာ ၆၂ နှစ်မြောက် KIO နေ့အထိမ်းအမှတ်ပြုလုပ်နေချိန် စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နာမည်ကျော်အနုပညာရှင်တစ်ဦးအပါအဝင် ပြည်သူ ၅၀ ကျော် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မှာ ၆၂ နှစ်မြောက် KIO နေ့အထိမ်းအမှတ်ပြုလုပ်နေချိန် စစ်ကောင်စီတပ် ကတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နာမည်ကျော်အနုပညာရှင်တစ်ဦးအပါအဝင် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့တယ်လို့ ကချင်ရင်းမြစ်က အတည်ပြုပြောဆိုသည်။

Photo Crd:
Photo Crd:

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က ဂျက်လေယာဉ်များဖြင့် ၆၂ နှစ် မြောက် KIO အ ထိမ်းအမှတ်နေ့ တေးဂီတစည်ကားသိုက်မြိုက်စွာ ဖျော်ဖြေပွဲအခမ်းအနားကျင်းပ နေသည့်အချိန်မှာ ဝေဟင်ကနေ ဗုံးကျဲတိုက်ခိုက်တဲ့အတွက်ကြောင့် ကချင် နာမည်ကျော်အနုပညာရှင် တစ်ချို့ သေဆုံးခဲ့ကြောင်း သတင်းများရရှိထားပြီး အတည် ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

” ဖားကန့် တပ်မဟာ ၉ မှာ သီချင်းဆိုပွဲလုပ်နေတာ။ မနေ့ ည  ၉ နာရီလောက်က မအလ တပ်က လေယာဉ်နဲ့ဗုံးကျဲချတာ အနုပညာရှင်တွေ ပြည်သူတွေရော အပါအဝင် ၅၀ ကျော်တော့ ထိခိုက်သေဆုံးမှုရှိတယ်။ စာရင်းတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာရော၊ သေဆုံးတာရောက ၅၀ ကျော်တယ်လို့ သိရပါတယ်။ ပြည်သူတွေရော အနုပညာရှင်တွေကို အပေါ်က ဗုံးနဲ့ ကျဲချတာပါ ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်တပ်က တေးဂီတဖျော် ဖြေပွဲကျင်းပသည့် နေရာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ကချင်တိုင်းရင်းသား နာမည်ကျော် အဆိုတော် တေးသံရှင် အော်ရာလီ (Aurali) သေဆုံး သွားကြောင်း အတည်ပြု နိုင်ပြီဖြစ်သည်။

“KIO က အရာရှိအချို့လည်း ထိတယ်လို့ သိရတယ်၊ ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး” ဟု KIO နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ယမန်နေ့ည ကွယ်လွန်သွားသော ကချင် နာမည်ကျော် အဆိုတော်  Aurali Lahpai ။

Credit – Khit Thit

Latest articles

spot_imgspot_img

Related articles

spot_imgspot_img