ယမနေ့ အောက်တိုဘာလ ၃၀ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်တွင် ဗြိတိသျှခေတ်တံတားတစ်စင်း ပြိုကျပြက်စီးခဲ့ရာ ကလေးသူငယ်များ နှင့် အသက်ကြီးရွယ်အိုအများအပြား သေဆုံး ပျောက်ဆုံးခဲ့ပြီး အရေအတွက် အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
အဆိုပါ ဗြိတိသျှခေတ်တံတားတစ်စင်းမှာ အိန္ဒိယနိုင်ငံသားများအတွက် အားလပ်ရက် အလည်အပတ်အဖြစ် နှင့် ခရီးသွားများအတွက် လာရောက်လည်ပတ်ရာ တံတားတစ်စင်းလည်းဖြစ်သည့်အလျောက် အဆိုပါတံတားကို လူကူးဖို့ထက် အလည်အပတ်နေရာအဖြစ် လာရောက်ကြခြင်းဖြစ်သည်။
ထိုတံတားမှာ အရှည် ပေ ၇၀၀ ကျော်နှင့် အကျယ် ၅ပေခန့် ရှိကာ အိန္ဒိယနိုင်ငံ ဒီပါဝလီလို ဟိန္ဒူဘာသာရေးပွဲတော်ကာလ မတိုင်မီသီတင်းပတ်တုန်းကမှ ပြင်ဆင်ပြီး၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိကယ်ဆယ်ရေးလုပ်ငန်းများကို အိန္ဒိယနိုင်ငံ ကြည်းတပ်၊ ရေတပ်၊ လေတပ် တို့ပူးပေါင်းလုပ်ဆောင်ခဲ့သလို ကမ်းခြေစောင့်တပ်ဖွဲ့တွေကလည်း မြစ်တွင်း မော်တော်များဖြင့် ရှာဖွေမှုများပြုလုပ်နေပြီး သေဆုံးသူ နှင့် ဒဏ်ရာရသူ အများအပြားလည်းရှိနေကြောင်း သိရှိရသည်။
အဆိုပါဖြစ်ရပ်အတွက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ က သေဆုံးသူများကို နစ်နာကြေးများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း နှင့် အစိုးအနေဖြင့် တာဝန်ရှိကြောင်း ၊ အသက်ဆုံးရှုံးရသူများအတွက် အလွန်ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည် ကိုတွေ့ရသည်။