ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဟင်ဘုတ်ကျေးရွာအုပ်စု မှာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA + PDF နှင့်စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲဖြစ်ပွားကြပြီး သည့် နောက် နမ္မတူအခြေစိုက် စစ်ကောင်စီ တပ်တစ်ခုဖြစ်တဲ့ ခမရ (၃၂၄) တပ်ကနေလဲ တစ်ဖက်သတ် လက်နက်ကြီး ငယ်တွေပစ်ခတ်လို့ ဒေသခံ ပြည်သူတွေ ကြောက်လန့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ပြီးခဲ့တဲ့စက်တင်ဘာလ အတွင်းမှာဆိုရင် ကချင်တပ်ဖွဲ့ KIA +PDF တို့နှင့် စစ်ကောင်စီတပ်တို့ ဟင်ဘုတ်အုပ်စု ကုန်း ကယားကျေးရွာ နှင့် ဆင်လီ ကျေးရွာကြားမှာ ခဏခဏတိုက်ပွဲတွေဖြစ်ကြတယ်။ အရင်တုန်းကဆို ပြည်သူတွေ ဘော် တွင်းရွာက ဝန်ထမ်းလိုင်းမှာပဲ အယောက် လေးငါးဆယ်လောက်လာရောက်ခိုလုံကြတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ စက်တင် ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ဖြစ်တဲ့တိုက်ပွဲက တအားပျင်းထန်ပြီး ကုန်းကယားရွာ ၊ ဆင်လီရွာ ၊ ဟင်ဘုတ် ရွာကလူတွေ အိမ်ခြေ (၉၀) ကျော်က ဒေသခံပြည်သူ အယောက် ၃၀၀ ကျော်လောက်ဟာ နမ္မတူမြို့နယ် ပုဗ္ဗာရုံ ကျောင်းတိုက်နဲ့ ကြူဆော့ကျေးရွာ ကချင်ဘုရားကျောင်းမှာ လာရောက်ခိုလုံကြတယ်။ အဲ့ ဒီ ၂၆ ရက်နေ့ကပဲ နမ္မတူ မြို့နယ် ခမရ ၃၂၄ တပ်ကနေပြီး လက်နက်ကြီးတွေပစ်တယ် ၂၈ ရက်နေ့က ပိုဆိုးတယ် လက်နက်ကြီးရော လက် နက်ငယ်ရော တနေကုန် ပစ်တယ်။ ကျွန်တော်တို့ကတော့ ကြောက်နေရတာ တိုက်ပွဲများဖြစ်သလားပေါ့ နေ့ရော ညရောပစ်တယ် တစ်ချို့တပ်နဲ့အရမ်းနီးတဲ့ရွာဆို အဲ့ညအိမ်မှာမအိပ်ရဲပဲ မြို့ထဲသွားအိပ်ရတာ” လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ည အောက်တိုဘာလ ၂ ရက်နေ့ ၊ ည ၁၂ နာရီဝန်းကျင်မှာလဲ ခမရ (၃၂၄) တပ်က လက်နက်ကြီးနှစ်ချက် ပစ်ခတ် လို့ ဆိုက်ခေါင်အုပ်စု နှင့် ခိုမိုအုပ်စု က ဒေသခံတွေ ညမအိပ်ရဲကြပဲ တိုက်ပွဲဖြစ်လာမလားလို့ ကြောက် လန့်နေကြရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
နမ္မတူမြို့အခြေစိုက် ခမရ (၃၂၄) တပ်မှာ မည်သည့်လက်နက်ကိုင် တပ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းမရှိပဲ တပ်ကနေ တစ်ဖက်သတ် ရမ်းတမ်းပစ်ခတ်သည့်အတွက်ကြောင့် ကျေးရွာဒေသခံတွေ ရွာထဲမှာ လက်နက်ကြီးကျမှာ စိုးရိမ်ရတာ နဲ့ လမ်းသွားလမ်းလာရတာလဲ လုံခြုံမူမရှိဘူးလို့ ဆိုပါတယ်။