မြန်မာနိုင်ငံ၏ အထင်ကရပွဲတော် တစ်ခုဖြစ်သည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲကို ယခုနှစ်တွင် ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သိရသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပြုလုပ်မည်ဆိုပါက ယမ်းဖြင့် ပြုလုပ်ရသည့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို လည်းထည့် သွင်းပြုလုပ်ရမည်ဖြစ်၍ ယခုနှစ်တွင် မပြုလုပ်ခြင်း ဖြစ်လိမ့်မည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
“ ပုံမှန်အားဖြင့်တော့ အောက်တိုဘာ နောက်ဆုံးပတ်မှာ စရမှာ၊ မီးပုံးပျံပြိုင်ပွဲ မပါရင်လည်း တန်ဆောင်တိုင်လို့ ဖြစ်မလာနိုင်ဘူးလေ၊ မီးပုံးပျံပါရင် ယမ်းကလည်း ပါလာမယ်၊ ဒီအချက်ကို ထည့်စဉ်းစားတာရော၊ လုံခြုံရေး အခြေအနေအရရော မလုပ်ဖြစ်တာ” သတင်းရင်းမြစ်က ပြောသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်အထိ နှစ်စဉ် ကျင်းပလာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာ သက်တမ်းရှိပြီ ဖြစ်ကာ မှတ်တမ်းများအရ ၁၉၄၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ် ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ယခုအခါတွင် ၃ နှစ်ဆက် မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
Credit