တာချီလိတ်မြို့တွင် လမ်းဘေးခွေးများအား သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာမှ အမျိုးသမီး တစ်ဦးကျည်ထိ သေဆုံး

၂၆ အောက်တိုဘာ ၂၀၂၂

25.10.2022 ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် တာချီလိတ်မြို့နယ်၊မိုင်းဖုန်း (က)ကျေးရွာအုပ်စု ဝမ်ပုံကျေးရွာအနီး၊မဲခေါင်မြစ်ကမ်း၊ ဇွဲသာယာကမ်းခြေတွင်  ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ(ခ) မြင့်နိုင်ထွန်းသည် နေအိမ်ခြံဝင်းအတွင်း ခွေးများ ကိုက်နေသည်ကို အကြိမ်ကြိမ် မောင်းသော်လည်းမရသဖြင့် ခွေးများအား ပစ်စတိုသေနတ်ဖြင့်ခြောက် လှန့်ပစ်ခတ်ရာမှ အနီးရှိ ၎င်းပိုင် ကမ်းခြေတွင် စျေးရောင်းနေသော အမျိုးသမီးအား ထိမှန်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။

Photo Crd:

ဖြစ်စဉ်ဖြစ်ပွားမှုမှာ ဇွဲသာယာကမ်းခြေပိုင်ရှင်ဖြစ်သူ ဦးဇွဲ (ခ) မြင့်နိုင်ထွန်းသည် နေအိမ်ခြံဝင်း သန့်ရှင်း ရေးလုပ်နေစဉ် ခွေးများ အချင်းချင်းကိုက်ပြီး ဆူညံနေသည်ကို နားငြီး၍ အတန်တန်မောင်းထုတ်လိုက်ရာ ခွေးများက မသွားသဖြင့် စိတ်တိုပြီး ၎င်းကိုင်ဆောင်ထားသော ပစ်စတိုဖြင့်  ပစ်ခတ်ရာ ကျည်ဆံဟာ ခွေးကိုမထိဘဲ ကမ်းခြေတွင်ဈေးရောင်းနေသည့် မလှလှဝင်း(ခ) မလှရီ၏ ယာဘက်ရင်အုံကို ထိမှန် ဒဏ်ရာရရှိသွား ကြောင်းသိရှိရသည်။ ဒဏ်ရာရရှိသူ မလှလှဝင်း အား တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေး ခဲ့သော်လည်း ည ၉ နာရီ ခန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ထိုကြောင့် သေနတ်ဖြင့် ပစ်ခတ်၍ အခြားသူတစ်ဦးအားသေဆုံးစေခဲ့သူ ဦးဇွဲအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ (ပ) ၃၈/ ၂၀၂၂၊ အမှုကြီး အမှတ်စဉ် ( ၂/ ၂၀၂၂) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Credit

Latest articles

spot_imgspot_img

Related articles

spot_imgspot_img