တန့်ယန်းမြို့နယ်က အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခတ်ခံရ

တန့်ယန်းမြို့နယ် နောင်ဆိုင်ကျေးရွာ အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါသည်။

၁၁.၁၀.၂၀၂၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်မှာ တန့်ယန်းမြို့နယ် နောင်ဆိုင်ကျေးရွာနေ ဦးလွယ်ခေးဆိုင် + ပါနန်းညိုတို့၏ သမီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ပါနန်းလူဟာ ပြောင်းဖူးခြံထဲက သဲတစ်ခုမှာ မိုးခို အနားယူနေစဉ် မိုးကြိုးပစ်ခံရပြီး ထိုနေရာမှာ ပွဲချင်းပြီးသေဆုံးသွားရတယ်လို့ သိရပါတယ်။

“သူထိုင်နေတဲ့နေရာက သဲတိုင်တစ်တိုင်ကို မိုးကြိုးပစ်ပြီး ပါနန်းလူကိုပါ ထိသွားတာ ဖုန်းလဲမကိုင်ဘူး အဲ့နားမှာ လျှပ်စစ် မီးနဲ့ပါတ်သက်တဲ့အရာတစ်ခုခုလဲ မတွေ့ဘူး ဒီတိုင်းပဲ မိုးကြိုးပစ်ချတာ သဲတိုင်တစ်တိုင်လဲ ကွဲသွားတယ် ပါနန်းလူလဲ အဲ့မှာပဲ အသက်ဆုံးသွားတယ်” လို့ဒေသခံတစ်ဦးကဆိုပါတယ်။

ယခုနှစ် မိုးရာသီတွင် မြန်မာနိုင်ငံတစ်ဝုမ်းမှာလည်း မုန်တိုင်းရဲ့အရှိန်ကြောင့် မိုးကြီးရေလျှံပြီး မကြာခဏဆိုသလို မိုးကြိုး ပစ်ခတ်မူ့ ဖြစ်ပေါ်နေတာကို တွေ့ရတတ်ပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img