ကျေးသီးမြို့နယ်အတွင်း ဆိုင်ကယ်ခိုးယူသူများကို  ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ခမ်ကျေးရွာအုပ်စု ဖက်နှမ်ကျေးရွာ အနီးတွင် အခြေချလှုပ်ရှားလျက်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)မှ ဆိုင်ကယ်ခိုးယူသူ  အမျိုးသား ( ၆ ) ဦးကို ကျေးသီး ပန်ကေတု လမ်းမ ပေါ်တွင် စစ်ဆေးဖမ်းဆီး ရရှိခဲ့တယ်လို့ ဒေသခံတစ်တွေစီကကြားသိရပါတယ်။

Photo Crd:
Photo Crd:
Photo Crd:

ဆိုင်ကယ်ခိုးယူသူများက အောက်တိုဘာ ၁ ရက်နေ့ တွင် ကျေးသီးမြို့အတွင်းမှ ( ၁ ) စီး ၊ အောက်တိုဘာ ၂ ရက်နေ့ မနက်အစောပိုင်းတွင် ကျေးသီးဆေးရုံအတွင်းမှ  ( ၁ )စီး ၊ ထိုတစ်ရက်အတွင်း ရပ်ကွက်ထဲ  ထပ်မံသွားရောက်ခိုးယူနေချိန် ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးရာ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် ကျေးသီးမြို့အတွင်းမှ  တာဝန်ရှိသူများ နှင့် ဒေသခံများက ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA)ကို အကူအညီ တောင်းဆိုမှုဖြင့် ကျေးသီးမှ ပန်ကေတု လမ်းမပေါ်ရှိ ဝမ်ခမ်ကျေးရွာအုပ်စု နှင့် ဟမ်းငိုင်းကျေးရွာအုပ်စု ကြားတွင် (SSPP/SSA) ဘက်မှ စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်ကာ မနက် ၀၉ : ၃၀ အချိန်ခန့်တွင် ပစ်မှုကျုးလွန်သူ အမျိုးသား ( ၆ ) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းရရှိခဲ့သော အမျိုးသား ( ၆ ) ဦး –  ၁. မောင်အေး  ( အသက် 22 ၊ လူမျိုး   ရှမ်း တအောင်း ၊ နေရပ်  နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျိုင်းကျေးရွာ ) ၊    ၂.  ချစ်ဦးမောင်  ( အသက်  20 ၊ လူမျိုး  တအောင်း  ၊ နေရပ်  ရှမ်းပြည်နယ်မြောက်ပိုင်း  နမ့်ဆန်မြို့နယ် ဝမ်လန်းကျေးရွာ )  ၊   ၃.  ရန်နိုင်ဦး  ( အသက် 22 )  ၊  ၄.  အိုက်အောင်  ( အသက် 21 ၊ လူမျိုး  တအောင်းလူမျိုး ၊ နေရပ်  ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ပင်တောင်းကျေးရွာ )  ၊   ၅. သန်းလူ  ( အသက် 22 ၊ လူမျိုး တအောင်း ၊ နေရပ်  ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အောက်ဝမ်ငိုင်းကျေးရွာ )  ၊ ၆.  အိုက်ဒွေး  ( အသက်  20 ၊ လူမျိုး တအောင်း ၊ နေရပ်  ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ )။

(SSPP/SSA) မှ ဖမ်းဆီးထိန်းသိမ်းရရှိထားသော ပစ်မှုကျုးလွန်သူ အမျိုးသား  ( ၆ ) ဦးဟာ နမ္မတူမြို့နယ် မန်စံ ကျေးရွာအုပ်စုထဲမှာလဲ ဆိုင်ကယ်ခိုးခဲ့တာ များပြီလို့ နမ္မတူမြို့နယ် မန်စံကျေးရွာဒေသခံတွေက ပြောပါတယ်။

ပစ်မှူ့ကျုးလွန်သူ (၆) ဦးအား SSPP/SSA မှ ကျေးသီးမြို့ရှိ  သက်ဆိုင်ရာ တာဝန်ရှိသူ နှင့် ရပ်မိရပ်ဖ များထံသို့ လွဲပြောင်းအပ်နှံပေးခဲ့ပြီလို့သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img