စစ်ကိုင်းတိုင်းဒေသ ကန့်ဘလူမြို့နယ် ဇော်ချောင်းကျေးရွာကို ဒီနေ့နံနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တို့ ဝင်ရောက် လာပြီးနေအိမ်တွေတစ်ချို့ကို မီးရှိူ့လို့ ဒေသခံရွာသူ/သားတွေ ထွက်ပြေးသိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ယနေ့ အောက်တိုဘာ ၄ ရက်နေ့ နံနက် ၆ နာရီကျော်လောက်မှာစစ်ကောင်စီတပ်တွေဟာ ဇော်ချောင်းကျေးရွာထဲကို လက်နက် ကြီး ၊ လက်နက်ငယ်တွေပစ်ခတ် ဝင်ရောက်လာပြီး နေအိမ်တစ်ချို့ကိုပါ မီးရိူ့ဖျက်စီးလိုက်တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
“ဒီနံနက် ၆ နာရီကျော် လောက်မှာပဲ စစ်ကောင်စီတပ်တွေ အင်အား ၇၀ ကျော်လောက်ရှိမယ်။ ဇော်ချောင်းရွာထဲကိုဝင် လာတာ ဝင်လာကတည်းက သေနတ်တွေဖောက်ပြီးလာတာ အဲ့ဒါနဲ့ ရွာထဲက လူတွေထွက်ပြေးကုန်ကြတယ်။ ပြီးတော့ ရွာထဲကနေအိမ်တစ်ချို့ကိုလဲ မီးရှိူ့တယ် ဘယ်နှစ်အိမ်ရှိူ့ခံရလဲတော့ သေသေချာချာမသိရသေဘူး ရွာပြင်က နေမီး ခိုးတွေလှမ်းမြင်ရတယ်” လို့ ရွာသားတစ်ဦးကဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရောက်လာလို့ ထွက်ပြေးသိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကန့်ဘလူမြို့နယ် ဇော် ချောင်းကျေးရွာအပါအဝင် သင်တောရွာ ၊ လွင်ကြီးရွာ ၊ အလယ်ခုံရွာ စတဲ့ ရွာတွေက ဒေသခံပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးသိမ်းရှောင်ကြရတာဖြစ် ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ တုန်းကလည်း စစ်ကောင်စီတပ်သားတွေဟာ ဇော်ချောင်းရွာထဲက အိမ်ခြေ ၅၀ ဝန်းကျင်လောက်ကို မီး ရိူ့ဖျက်စီးတာ ရှိခဲ့ဖူးပါတယ်။