PDF တပ်ဖွဲ့ကို ထောက်ခံ အားပေး ကူညီပါက ပုဒ်မ (၅) ခုနဲ့ သေဒဏ်ချမှတ်မည်ဟု စစ်ကောင်စီပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ငွေကြေးဖြင့် တစ်ကျပ်တစ်ပြားကစ ထောက်ပံ့ပေးခြင်း ၊ လူဒါန်းပေးခြင်း ပြု လုပ်ပါက ပုဒ်မ ၅ ခုနှင့် သေဒဏ်ထိချမှတ်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

Photo Crd:

အကြမ်းဖက်မူ အတွက် ငွေကြေးထောက်ပံ့ပေးခြင်း ၊ အားပေးကူညီခြင်း ၊ ထီကံစမ်းခြင်း ၊ အကြမ်းဖက်အဖွဲ့ထံမှ ငွေတိုက်စာချုပ်ဝယ်ယူခြင်း ၊ အွန်လိုင်းပေါ်မှာ ငွေကြေးထည့်ဝင်လှူဒါန်းခြင်း တို့လည်း အကျူံးဝင်ကြောင်း နှင့် PDF ၊NUG ၊ CRPH တို့၏ စာမျက်နှာပေါ်က ဗီဒီယိုများ ၊ ပုံများကို Like ပေးခြင်းများပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၁၂၄ (ခ)နှင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီကဆိုပါတယ်။

ဒါကတော့ ကိုယ်ယုံကြည်တဲ့ အဖွဲ့ကို အားပေးတာပဲလေ အကြောက်တရားတွေပေးပြီး ချိန်းခြောက်လေ ပြည်သူတွေ ပိုမုန်းလေပဲပေါ့။ ဒါပေမယ့် သူတို့သတိပေးထားသလို ကိုယ်ကလဲသတိထားပြီး ကိုယ်ယုံကြည်တဲ့ အဖွဲ့ကိုအားပေး ရ မယ်ပေါ့ ဒီကိစ္စကတမင်ချိန်းခြောက်တာမှန်ပေမယ့် သူတို့မိရင်တော့ တကယ်ခံရမှာတော့သေချာတယ် လို့ အမည်မ ဖော်လိုတဲ့ပြည်သူတစ်ဦးက ပြောပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img