အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်နဲ့ ရုရားသမ္မတ ဗလာဒီမာပူတင်တို့ ရုရားနိုင်ငံ ဗလာဒီ ဗော့စတော့မြို့မှာ တွေ့ဆုံကြတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၇ ရက် မနေ့က တွေ့ဆုံကြတာဖြစ်ပြီး အဲ့ဒီတွေ့ဆုံမူမှာ ရုရားသမ္မတက မြန်မာစစ်ခေါင်းဆောင်ကို နိုင် ငံတော်အဆင့် အနေနဲ့ တွေ့ဆုံခဲ့ခြင်းမဟုတ်ပဲ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပတဲ့ အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြတဲ့သူတွေကို တစ်ဉီးချင်းစီတွေ့တဲ့သဘောမျိုးနဲ့ ခဏတွေ့ခဲ့တာ ဖြစ်ပါတယ်။
ရုရားသမ္မတ ဗလာဒီမာပူတင်ဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျုးကျော်စစ်ဆင်နွှဲနေသူအဖြစ် နိုင်ငံတကာက ရှူ့ မြင်ချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လိူင်ကတော့ ရုရားသမ္မတ ပူတင်ဟာ ကမ္ဘာကြီး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နေတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ နှစ်ဦးတွေ့ဆုံချိန်မှာ ချီးမွှမ်း ပြောဆိုခဲ့တာပါ။
အဲ့ဒီတွေ့ဆုံမူနဲ့ပါတ်သက်ပြီး နိုင်ငံရေးလေ့လာသူ တစ်ချို့ကတော့ နိုင်ငံအဆင့် တရားဝင်တွေ့ဆုံကြတာမဟုတ်သလို နှစ်နိုင်ငံလုံးကလည်း ဘဝတူ ပစ်ပယ်ခံထားရတဲ့နိုင်ငံဖြစ်လို့ ထူးထူးခြားခြားတက်ရောက်မူ ရှိမှာမဟုတ်ဘူးလို့ ဝေဖန် ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်ဟာ အာဏာမသိမ်းခင်ကာလက ရုရားနိုင်ငံကိုအကြိမ် ကြိမ်သွားရောက်ခဲ့သလို အာဏာသိမ်းပြီးနောက်မှာတော့ သုံးကြိမ်တိုင်တိုင် သွားခဲ့ပေမယ့် ဒီတစ်ကြိမ်က ရုရားသမ္မတ ဗလာဒီမာပူတင်နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။