ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ မြို့နယ် မန်ပြိန်းရွာ အနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ကြတယ်လို့ ဒေသခံတွေစီကနေကြားသိ ရပါတယ်။
စက်တင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီအချိန်ကနေ ညနေ ၁၃ နာရီ ဝန်းကျင်ထိ KIA တပ်မဟာ ၆ လက် အောက်ခံ တပ်ရင်း ၂ အင်အား ၈၀ ကျော် နှင့်စစ်ကောင်စီတပ် အင်အား ၇၀ ခန့် တို့ သိန္နီမြို့အထွက် အေရှားဝေါလ်တိုးဂိတ်အကျော် မန်ပြိန်းရွာအောက်နားလေး ပြုန်းတောင်အနီးမှာ တိုက်ပွဲဖြစ်ကြပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမူ့ကိုတော့မသိရသေးပါဘူး။
“အခုတိုက်ပွဲဖြစ်တာကတော့ သိန္နီမြို့နယ် နယ်နမိတ်ထဲဖြစ်တယ် အဲ့ထက်နည်းနည်းကျော်ပြီး မန်ပြိန်းရွာ ရောက်မှ ကွတ်ခိုင်နယ်နမိတ်ဖြစ်မယ်။ ရှူ့ခင်းသာအကွေ့ အရင်ကပြည်သူ့စစ်ရဲ့ဂိတ်ဟောင်းတစ်နေရာပေါ့ အဲ့နားလေးမှာ ဖြစ်တယ်။ လက်နက်ကြီးတစ်လုံးက အေရှားဝေါလ်ဂိတ်ဝန်းထဲ တစ်လုံးကျတယ်လို့ကြားတယ်။ အခုထိ နှစ်ဖွဲ့လုံး စစ်ရေးတင်းမာနေသေးတယ် ဒီည ကချင်တပ်ဖွဲ့က တိုက်ပွဲဖြစ်တဲ့နေရာကနေ ကောင်းလန်းရွာကို ရောက်လာတယ် ဗမာစစ်တပ်ကလဲ သူတို့နောက်ကိုလိုက်လာပြီး လုပ်လေရွာမှာရောက်နေတာကြားတယ် လုပ်လေရွာက ကွတ်ခိုင်အဆင်း လမ်းမကြီးနဲ့မဝေးဘူး နှစ်ဖက်လုံး စစ်ရေးတင်းမာနေသေးတယ် ဘယ်ချိန်ထပ်ဖြစ်မှာလဲတော့ မသိဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဲ့ဒေသ မှာ လုပ်ရှားနေတဲ့လက်နက်ကိုင်တပ်ဖွဲ့ကတော့ ရှမ်းတပ်ဖွဲ့ဖြစ်တဲ့ SSPP/SSA ၊ တအာင်းပလောင်တပ်ဖွဲ့ TNLA ၊ ကချင်တပ်ဖွဲ့ KIA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ စစ်ကောင်စီတပ်ဖွဲ့ တို့ဖြစ်ပါတယ်။