မူဆယ်အမှတ်(၃)ကမ္ဘောဇဘဏ်ကို အမည်မသိလက် နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် အမှတ်(၃) ကမ္ဘောဇဘဏ်မှာ အမည်မသိ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်လို့ ဘဏ်လုံခြုံရေးတွေ ၃ ဦးသေ ၁ ဦးဒဏ်ရာရတယ်လို့ ကြားသိရပါတယ်။

photo creidit

ယနေ့ စက်တင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီကျော် မှာ မူဆယ်မြို့နယ် အမှတ်(၃) ကမ္ဘောဇဘဏ်ကို အမည်မသိတဲ့ လူတစ်စုက ဝင်ရောက်ပစ်ခတ်လို့ ဘဏ်လုံခြုံရေး ၃ ဦးသေဆုံး  ၁ ဦးဒဏ်ရာရပြီး မူဆယ်လူမူကူညီရေးအသင်းက  သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရသူကို မူဆယ်ဆေးရုံသို့ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

ဝင်ရောက်ပစ်ခတ်သူတွေဟာ ဘယ်သူ ဘယ်အဖွဲ့ ဘယ်နှစ်ယောက်လာသလဲဆိုတာတော့ မသိရသေးဘူး။ အခင်းဖြစ်တဲ့နေရာမှာတော့ ရဲတွေဝင်ရောက်စစ်ဆေးတာတွေ့ရတယ်လို့  ဒေသခံတစ်ဦးကပြောပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img