မနေ့က မိုးသည်းထန်စွာရွာတဲ့ အတွက်ကြောင့် တန့်ယန်းမြို့နယ် နောင်ခမ်းကျေးရွာက နောင်ခမ်းကျောင်းတော်ရဲ့ အုတ်တံတိုင်း ပျိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ကနေ ည ၈ နာရီထိ မိုးကြီးသည်းထန်စွာရွာကျသည့်အတွက်ကြောင့် ရှမ်း ပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စု နောင်ခမ်းရွာက နောင်ခမ်းဘုန်းတော်ကြီး ကျောင်းရဲ့ အုပ်တံတိုင်း ခြေရင်းမှာ မိုးရေတိုက်စားစီးဝင်မူကြောင့် ၎င်းအုပ်တံတိုင်းကြီး ပျိုကျပျက်စီးသွားတာ ဖြစ်ပါ တယ်။
“ ဒီကျောင်းတော်ကြီးရဲ့ အုပ်တံတိုင်းကြီးက နှစ် ၆၀ ကျော်ကြာပြီ မနေ့ညက မိုးကြီးလေကြီးကျတာ နာရီဝက်လောက် ကြာတယ်။ အဲ့လိုနဲ့ မိုးရေတွေက အုပ်တံတိုင်းကြီးရဲ့ အောက်ပိုင်း ခြေရင်းထဲကို စိမ့်ဝင်သွားတာ ဒါကြောင့် အုပ်တံတိုင်း ကြီးပျိုကျပြီး ပျက်စီးကုန်တာ အုတ်တံတိုင်းရဲ့အမြင့်ကတော့ ၉ ပေရှိတယ် အရှည်ကတော့ ပေါင်း ၁၀၀ ကျော်ပါ့ ခုပျက် သွားတာကတော့ ၉၄ ပေရှိတယ် ခုတော့အသစ်ပြန်ဆောက်ဖို့ အခက်အခဲရှိတယ်” လို့ကျောင်းကော်မတီဝင် တစ်ဦးက ပြောပါတယ်။