ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာအုပ်စုအတွင်း SSPP/SSA တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေချိန်မှာ မိုးမိတ်မြို့ထဲက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာနှစ်ခုမှာ ဖောက်ခွဲမူဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က SSPP/SSA တပ်နဲ့ စစ်ကောင်စီတပ်တို့်ကြား မိုးမိတ်မြို့နယ်ဝမ်အုံ ကျေးရွာ အုပ်စု ဟွေခမ်းတောင်ကြောမှာ တိုက်ပွဲဖြစ်ပြီးတဲ့ နောက်တစ်နေ့ စစ်ကောင်စီဘက်က မိုးမိတ် မြို့ထဲ ကနေ စစ်အင်အားထပ်ဖြည့်လာပြီး နှစ်ဖက်စစ်ရေးတင်းမာနေချိန် စက်တင်ဘာ ၁၉ ရက်နေ့ ညနေ ၃ နာရီ ကျော်မှာ မိုးမိတ်မြို့ထဲရှိ ခရိုင်ရုံး မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ၊ ည ၈ နာရီအချိန်မှာလဲ မြို့နယ်ရုံးမှာ တစ်ကြိမ် ဖောက်ခွဲမူဖြစ်ပွား ခဲ့တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ယနေ့ နံနက် ၁၀ နာရီ ဝန်းကျင်အချိန်ထိ စစ်ကောင်စီဖက်က ခလရ (၂၇၆) ၊ ခမရ (၃၄၈) တို့ပူးပေါင်း အင်အား ၁၀၀ ဝန်းကျင်လောက် ဟာ ဟွေခမ်းတောင်အနီးမှာ တစ်ဖွဲ့ ၊ မြို့သစ်မှာတစ်ဖွဲ့ ၊ ပန်ဖွေးရွာသစ်မှာတစ်ဖွဲ့ သုံးဖွဲ့ ဖြန့်ခွဲထားပြီး SSPP/SSA ဘက်ကလည်း အချက်အခြာကျတဲ့နေရာတွေမှာ အင်အားဖြန့်နေရာယူထားကာ နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့ သတင်းရရှိထားပါတယ်။