နေပြည်တော်မှာ စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်နေတဲ့ ဝန်ထမ်းများမှာ ကိုဗစ်ရောဂါကူးစက်မူ များလာ သ ဖြင့် ၂ ပါတ်ရုံးတက် ၊၂ ပါတ်အိမ်မှအလုပ်လုပ်သည့်စနစ်ဖြင့် စက်တင်ဘာ ၁၂ ရက်မှစတင်ကျင့်သုံးရန် ပို့ ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနက အောက်ဝန်ထမ်းများအား ထံ အကြောင်းကြားစာထုတ်ပြန်လိုက်ပြီ လို့ ကြား သိရ ပါ တယ်။
၂၀၂၂ ခုနှစ် သြဂုတ်လကုန်မှစ၍ နေပြည်တော်နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါပိုးပျံ့ပွားမူနူန်း မြန်ဆန်လာသော ကြောင့် လက်ရှိတွင် နေပြည်တော်၌ တာဝန်ထမ်းဆောင်တဲ့ ဝန်ကြီး ဌာနလက်အောက်ရှိ ဝန်ထမ်းဦးရေ (၄၈) ဦးမှာ ရောဂါပိုးတွေ့ရှိရသဖြင့် ကျန်းမာရေးဝန်းကြီးဌာနက သတ်မှတ်ထားတဲ့ ဆေးရုံ (ဗုဗ္ဓသီရိမြို့နယ်ဆေးရုံ ကုတင်-၃၀၀) မှာ တက်ရောက်ကုသမူခံယူနေရတာဖြစ်ပါတယ်။
ရောဂါကူးစက်ဖြစ်ပွားမူ လျော့နည်းကျဆင်းစေရန် နှင့် ဌာနအလိုက် လုပ်ငန်းတာဝန်များထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက် – နေပြည်တော်ရုံးစိုက်သည့် ဌာနအဖွဲ့အစည်းများတွင် ဒုတိယ ညွန်ကြားရေးမှူးနှင့်အထက်အဆင့် ဝန် ထမ်းအား လုံးရုံးတက်ရန် ။
လက်ထောက်ညွန်ကြားရေးမှူးနှင့် အောက်ဝန်ထမ်းအားလုံး၏ တစ်ဝက်သည် (၂) ပါတ်ရုံး တက်၍ ကျန်တစ်ဝက် သည် (၂) ပါတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းကို အလှည့်ကျ ဆောင်ရွက်ရန်။
(၂) ပါတ် ရုံးတက်၍ (၂) ပါတ်အိမ်မှ ရုံးလုပ်ငန်းဆောင်ရွက်စေသည့် စနစ်ဖြင့် ရုံးလုပ်ငန်းဆောင်ရွက်ရမည့် နိုင်ငံဝန် ထမ်းများ သည် (၂) ပါတ်အိမ်မှာနေသည့်အချိန်၌မိမိတို့ နေထိုင်ရာအဝန်းအဝိုင်း (အိမ် ၊ အဆောင်၊ ရိပ်သာ ၊ အိမ်ရာ) အတွင်း၌ မှာနေထိုင်၍ ရုံးလုပ်ငန်းဆောင်ရွက်ရန် ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် စျေးဝယ်ထွက်ခြင်းမှလွဲ၍ ပြင်ပသို့ လုံးဝ သွားလာခြင်းမပြုရန်။
အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေခရီးသွားလာရန်ရှိပါက တာဝန်ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာ ရန် စသည့်အချက်များဖြင့် အကြောင်းကြားစာထဲမှာ ဖော်ပြထားဖြစ်ပါတယ်။