မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် NDAA နှင့် ဝ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် UWSA တို့သည် စစ်ကောင်စီနှင့် ဒု တိယအကြိမ်တွေ့ဆွေးနွေးဖို့အတွက် ဘုံသဘောတူညီချက်များ ရရှိအောင် ကြိုတင်ပြင်ဆင်သည့်နေနဲ့ လာမည့် စက်တင် ဘာ ၁၆ ရက်နေ့တွင် ပန်ဆန်းမှာ တွေ့ဆုံရန်ရှိတယ်လို့ သတင်းရရှိထားပါတယ်။
ယခင်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အနေနဲ့ စက်တင်ဘာလ ၁၃ ရက်နေ့သည် စစ်ကောင်စီနှင့်ဒုတိယအကြိမ်တွေ့ ဆုံဖို့အတွက်သတ်မှတ်ထားပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ နဲ့ပါတ်သက်ပြီး ပြင်ဆင်လိုတဲ့အခန်းကဏ္ဍ တွေ ကို သေ သေချာချာလေ့လာထားရန်စစ်ကောင်စီဘက်က အကြောင်းကြားလာသည့်အတွက်ကြောင့် ထိုနေ့ထဲတွင်မ တွေ့ဖြစ်ပဲ ဘယ်နေ့ဘယ်ရက်ပြန်တွေ့ဖြစ်မည် ဆိုတာတော့ မသိရသေးပါဘူး။
စစ်ကောင်စီ နှင့်တွေ့ဆုံ ဆွေးနွေးခြင်းမရှိတဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ထဲက ကချင်တပ်ဖွဲ့ KIA ၊ တအာင်းပလောင် တပ်ဖွဲ့ TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA သုံးဖွဲ့တို့သည် စစ်ကောင်စီနှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ် ကြပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးထားတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ SSPP/SSA ၊ NDAA ၊ UWSA တို့က စစ် ကောင်စီတပ်တို့နဲ့ ထိတွေ့တိုက်ပွဲများ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့အကြား ပထမအကြိမ်ဆွေးနွေးမူ့သည် ဝ တပ်ဖွဲ့ UWSA မှ မေ ၂၉ ရက် ဖြစ် ပြီး ၊ မိုင်းလားတပ်ဖွဲ့ NDAA မှ ဇွန် ၇ ရက်နှင့် SSPP/SSA တပ်ဖွဲ့က ဇွန်လိုင် ၂ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြ တာ ဖြစ်ပါတယ်။