စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲမှာ SSPP/SSA  မှ ဆွေးနွေးတင်ပြချက် (၉) ချက်

စက်တင်ဘာ ၂၆ ရက်နေ့က  စစ်ကောင်စီ နှင့် SSPP/SSA  တွေ့ဆုံဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက် နိုင်ရေးနဲ့  ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး အတွက်ရည် ရွယ်ပြီး  ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ့်မတော် SSPP/SSA  မှ အချက် ၉ ချက်ပါ သဘောထားကို တင်ပြဆွေးနွေးသွားတာဖြစ်ပါတယ်။

အချက် (၉) ချက်ပါ တင်ပြချက်များမှာ-

 (၁) ပင်လုံစာချုပ် ၊ ပင်လုံမူ ၊ ပင်လုံကတိကဝတ် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရပါမယ် ၊

(၂) ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံမှာ ချမှတ်ခဲ့တဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်။

(၃) အမျိုးသားတန်းတူရေးကိုဖော်ဆောင်နိုင်ဖို့အတွက် ဗမာပြည်နယ်ကိုဖွဲ့စည်းရပါမည်။

(၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ရပါမည်။

ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ရာမှာ အသွင်သဏ္ဍာန် တည်ဆောက်မူ သာမက အနှစ်သာရ တည်ဆောက်မူ ကိုပါ တပြိုင်နက်တည်း ဆောင်ရွက်ခြင်း ၊ ဖက်တရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာမှာ ဒီမိုကရေစီအခွင့် အရေး ၊ အခြေခံလူ့အခွင့်အရေး တန်းတူရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ၊ စုပေါင်းခေါင်းဆောင်မူ ၊ စုံလင်ကွဲပြားခြင်းမူကို လက်ခံခြင်းနှင့် လူနည်းစုတွေကိုကာကွယ်ခြင်း စတာတွေကို ပြည်ထောင်စုစံ တန်ဖိုးအဖြစ် ကိုင်စွဲထားဖို့ လိုအပ်ပါ တယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲရာမှာ အောက်မှာဖော်ပြထားတဲ့ အချက်(၅) ချက်ရဲ့လမ်းညွန်မူ့အတိုင်း လိုက်နာပြီး ရေးဆွဲသွားရမှာဖြစ်ပါတယ်။

(၁) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ ပြည်သူတို့သည် အချုပ်အခြာအာဏာ၏ မူ ရင်းပိုင်ရှင်ဖြစ်သည့်အတွက် အချုပ်အခြာ အာဏာသည်ပြည်သူထံမှ ဆင်းသက်သည်။

(၂) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်ခွင့် အပြည့်အဝရှိသောပြည်ထောင်စု အ ဖွဲ့ဝင်ပြည်နယ်များဖြင့် ဖွဲ့စည်းပြီး ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံးတို့သည် နိုင်ငံရေးအရ တန်းတူသည်။

(၃) ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည် သက်ဆိုင်ရာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ရေးဆွဲပြဋ္ဌာန်းခွင့် ရှိ သည်။

(၄) အာဏာခွဲဝေမူ (Power Sharing) သယံဇာတခွဲဝေမူ (Resource Sharing) အခွင်ဘဏ္ဍာခွဲဝေမူ (Revenue Sharing ) နှင့် ဖက်ဒရယ် ဘဏ္ဍာရေးစနစ် တို့ကို ကျင့်သုံးခြင်း ၊ အာဏာခွဲဝေရာမှာ ပြည်သူလူထုနဲ့ အနီးကပ်ဆုံး အစိုး ရ၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကိုသာ အထက်အစိုးရအဆင့်ဆင့်က တာဝန်ယူဆောင် ရွက်ရသည့် ဥပဒေကို ကျင့်သုံးရမည်။

(၅) ဖက်ဒရယ် ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့များအားလုံးသည် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ၏ ကွပ်ကဲမူနဲ့စီမံအုပ်ချုပ်မူအောက်တွင်ရှိပြီး  လူသားလုံခြုံရေးကို အ ခြေခံသည့်မူဝါဒ ကျင့်သုံးခြင်း စတဲ့အချက်များ ဖြစ်ပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img