စစ်ကောင်စီတပ်သားတွေ ဉီးစိုင်းရွှေထွန်းအပေါ် ပြစ်မှူကျုးလွန်ထားတဲ့ကိစ္စ တာဝန်ယူပေးဖို့ SHRF ကထုတ်ပြန်

ဉီးစိုင်းရွှေထွန်း အပေါ်မှာ စစ်ကောင်စီတပ်သားတွေက ပြစ်မှူကျုးလွန်ထားတဲ့ကိစ္စနဲ့ပါတ်သက်ပြီး စစ်ကောင်စီ ဘက်က တာဝန်ယူပေးဖို့နဲ့ ပစ်မှူ့ကျုးလွန်သူကို ထိုက်တန်တဲ့ပစ်ဒဏ်နဲ့ ထိရောက်စွာအရေးယူ ပေးဖို့    SHRF က ထုတ်ပြန်ထားပါတယ်။

Photo Shan News

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိူင်းနင်အုပ်စု နောင်ယုံးကျေးရွာနေ ထိုင်သူ အမျိုးသား  အသက် ၆၀ ကျော် ဦးစိုင်းရွှေထွန်းဆိုသူသည်  သြဂုတ် ၃၁ ရက်နေ့ ညနေပိုင်း ၂ နာရီ ဝန်းကျင်လောက်မှာ ၎င်းလွတ်ကျောင်းထား သည့်နွား ပြောက်လို့  နွားလိုက်ရှာရင်းကနေ နောင်ယုံးရွာ အရှေ့ဘက်ရှိ  ခလရ (၁၃၁ ) တပ်အနီးသို့ရောက်ရှိ သွားပြီး တပ်ထဲကထွက်လာတဲ့  စစ်ကောင်စီတပ်သား ၃ ဦးက  အဲ့ဒီနွားတွေဟာ ဦး ရွှေထွန်းရဲ့နွားလား လို့ မေးတဲ့ အ ခါမှာ ဦးစိုင်းရွှေထွန်းကလဲ သူ့ရဲ့နွားဟုတ်ကြောင်း ထိုတပ်သား ၃ ဉီးကို ပြောပြရာကနေ စစ်ကောင်စီတပ်သားတွေက ဦးစိုင်းရွှေထွန်းအား ဒူးထောက်ထိုင်ခိုင်းလို့  ဦးစိုင်းရွှေထွန်းက ၎င်းတို့ထိုင်ခိုင်းသလိုမထိုင်လို့  စစ်ကောင်စီတပ်သား တွေ ဦးစိုင်းရွှေထွန်းကို လက် သီးဖြင့် ထိုးကြိတ်ကာ တပ်သားတစ် ဦးက ဦးစိုင်းရွှေထွန်းပါလာတဲ့ဓါးကို ဆွဲယူပြီး ဦး စိုင်းရွှေထွန်းရဲ့ လည်ပင်းကို ဓါးနဲ့လှီးချိန်မှာ ရွာသူ/သား ၅ ဦးခန့်ကတွေ့လို့ အခင်းဖြစ်တဲ့နေရာသို့ ရောက်လာပြီး ထိုတပ်သားတွေလဲ မိုးပေါ်သေနတ်ဖောက်ပြကာ တပ်ထဲကိုပြန်ဝင်သွားကြတယ်လို့ SHRF ရဲ့ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

ခလရ (၁၃၁) ဟာ မိူင်းနောင်အခြစိုက် စကခ (၂) လက်အောက်ခံက ဖြစ်တယ်လို့သိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img