မနေ့က စက်တင်ဘာ ၁၅ ရက် ၊ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ဆမ်စစ်တောင်ခြေ (အန္ဒရယ်ကုန်းဆင်း) အနီးတွင် မိုင်းပေါက်ကွဲလို့ အမည်မသိမိုင်းသယ်ဆောင်လာသူတစ်ဦး မိုင်းထိ သေဆုံးသွားတယ်လို့ ဒေသခံတွေစီကကြားသိရပါတယ်။
“ ညနေ ၄ နာရီလောက်ရှိမယ် အချိန်တော့အသိအကျမမှတ်ထားမိဘူး လွယ်ဆမ်စစ်တောင်ခြေအောက်မှာပဲဖြစ်တာ နှစ်ချက်ကွဲတယ် တစ်လုံးကတော့ တောထဲမှာကွဲတာ နောက်တစ်လုံးတော့ သူသယ်လာတဲ့မိုင်းပဲ မိုင်းထောင်ဖို့သယ် လာတာထင်တယ် မိုင်းကမထောင်ရသေးပဲ ပေါက်ကွဲသွားတာနဲ့တူတယ်။ ဦးခေါင်းတစ်ခုလုံးပျက်ကုန်တာ ဘယ်သူ ဘယ်အဖွဲ့လဲတော့မသိဘူး သူ့အလောင်းနားမှာ ကွန်ထရိုးတော့တွေ့ရတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။
မိုင်းကြောင့်သေဆုံးသွားတဲ့သူသည် ဘယ်သူ ဘယ်အဖွဲ့ကလဲ ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကွတ်ခိုင်မြို့နယ်မှာ စက်တင်ဘာလအတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် စစ်ကောင်စီတပ်တို့ကြား မကြာ ခဏဆိုသလို တိုက်ပွဲတွေဖြစ်ပြီး ယခုလဲနှစ်ဖက်လုံး စစ်အင်အားဖြည့်လူပ်ရှားကာ စစ်ရေးတင်းမာနေသေးတယ်လို့ သိရပါ တယ်။