ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ဆမ်စစ်တောင်ခြေ အနီးမှာ ယနေ့ နံနက်ပိုင်းတွင် ကချင်လက် နက်ကိုင်တပ်ဖွဲ့ KIA နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ကြတယ်လို့ ဒေသခံစီက သိရပါတယ်။
စက်တင်ဘာလ ၉ ရက် နံနက်ပိုင်း ၉ နာရီ အချိန်မှာ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA တပ်ရင်း(၂၉) လူအင် အား ၇၀ ဝန်းကျင် နှင့် စစ်ကောင်စီတို့ ကွတ်ခိုင်မြို့နယ် လွယ်ဆမ်စစ်တောင်ခြေ နမ့်ပါချီးရွာအဝင် လမ်းခွဲမှာ ထိပ်တိုက်တွေ့ ဆုံကြပြီး နံနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ် အ ချိန်ထိ တိုက်ပွဲဖြစ်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ ဟုတ်ပါတယ် ဒီနေ့နံနက် ၉ နာရီ လောက်မှာ ပစ်ခတ်သံတွေကြားရတယ် ၁၀ နာရီကျော်ထိပေါ့ ။ လွယ်ဆမ်စစ် တောင်ခြေနားက နမ့်ပါချီးရွာအဝင်လမ်းခွဲနားမှာပါပဲ ကချင်အဖွဲ့နဲ့ ဗမာစစ်သားတွေပစ်ကြတာ ၊ ဒီကွင်ထဲမှာ ကချင် တပ်ဖွဲ့ဆိုရင် တပ်မဟာ ၁ဝ လက်အောက်ခံက တပ်ရင်း (၂) နဲ့ တပ်ရင်း (၂၉) ကပဲလူပ်ရှားတာကြားဖူးတယ် အခုတိုက်ပွဲ ဖြစ်တာကလဲ အဲ့အဖွဲ့ပဲ ဖြစ်နိုင်တယ်” လို့ ဒေသခံ တစ်ဉီးကပြောပါတယ်။
ယခုစက်တင်ဘာလအတွင်းမှာပဲ ကွတ်ခိုင်မြို့နယ်မှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ကြား မကြာခ ဏဆိုသလိုတိုက်ပွဲတွေဖြစ်ကြပြီး လက်ရှိအနေအထားမှာလဲ ကွတ်ခိုင်ကားလမ်းမတကြော ပုန်းထွန် ၊ မန်ပိန်း ၊ ကောင်းခံ ကျေးရွာတွေမှာ စစ်ကောင်စီဖက်က အင်အားဖြန့်လူပ်ရှားထားပြီး လွယ်ဆမ်စစ်တောင်ခြေက တောထဲမှာ ကချင်တပ်ဖွဲ့ KIA တို့က နေရာယူထားတယ်လို့ သိရပါတယ်။