ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲက ကွတ်ခိုင်-သိန္နီ ကြား ကားလမ်းမနှင့် တောတောင် နေရာ တစ်ချို့ တွေမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် စစ်ကောင်စီတပ်တို့ ကြား မကြာခဏဆိုသ လို ထိတွေ့တိုက်ပွဲများဖြစ်ကြပြီး ယခုအနေအထားတွင်လည်း နှစ်ဖက်လုံးစစ်အင်အား ရာချီနဲ့ စစ်ရေးတင်းမာနေသေး တာကြောင့် ဒေသခံပြည်သူတွေ တိုက်ပွဲထပ်ဖြစ်လာမှာကို စိုးရိမ်နေကြရပါတယ်။
“ ကွတ်ခိုင်မှာ ဒီ ၉ လပိုင်းထဲမှာပဲ ကချင်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်တာ လေးငါးရက်လောက်ရှိပြီ ဆက် တိုက်ဆိုသလိုပဲ ၊ တိုက်ပွဲဖြစ်ရင် ရွာထဲလက်နက်ကြီးတွေကြတာလဲရှိတယ် ။ တိုက်ပွဲနဲ့နီးတဲ့ရွာဆိုရင် လုံးဝမလုံခြုံဘူး လက်နက်ကြီးတွေလဲကြောက်ရတယ်။ ပြီးတော့စစ်သားတွေနဲ့တိုးမိရင်လဲ ဟိုအဖွဲ့ထင် ဒီအဖွဲ့ထင်ပြီး ဖမ်းစီးရိုက်နက် မှာကိုလဲ ကြောက်ရတယ်။ နောက်ဆုံး မဖြစ်မနေ ဖြစ်ရမယ်ဆိုရင်တောင် နှစ်ဖွဲ့လုံးကို မေတ္တာရပ်ခံချင်တာကတော့ ပြည်သူနဲ့ ဝေးတဲ့နေရာမှာဖြစ်စေချင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဉီးကပြောပါတယ်။
“ဒီနားမှာလူပ်ရှားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကတော့ တပ်မ ၉၉ လို့ပြောကြတယ် ။အင်အားတော့ ၂၀၀ ကျော်လောက်ရှိ တယ်။ ကောင်းခန်ရွာကနေ သိန္နီ အေရှားဝေါလ်ထိ စစ်ကောင်စီဘက်က လူတွေချထားတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ တုန်းကဆို ကာလျန်ရွာအဝင် လမ်းခွဲမှာ အင်အား ၂၀၀ လောက်ချထားတယ်။ ခုထိအဲ့အဖွဲ့တွေ သိန္နီ နဲ့ ကွတ်ခိုင်ကြားမှာ သွားလိုက်လာလိုက်ပါပဲ သိန္နီ အေးရှားဝေါလ်ရဲ့ အနောက်ဘက် တောင်ကုန်းပေါ်မှာလဲ နေထားတယ်။ ပြီးတော့ အင်အား ၆၀ လောက်က တောထဲဝင်သွားတယ် ကချင်အဖွဲ့လဲ တောထဲမှာပဲ ဒီပုံစံဆို တိုက်ပွဲထပ်ဖြစ်နိုင်တယ်” လို့ ဒေသခံတစ်ဉီးကလည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟစ်ရွာအနီးမှာ ကချင်လွတ် မြောက်ရေးတပ်ဖွဲ့ KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲကြောင့် မော်ဟစ်ကျေးရွာထဲ လက်နက်ကြီးကျ ရောက်ပေါက် ကွဲခဲ့ကာ မော်ဟစ်ရွာခံ ကလေးငယ် ၃ ဉီးအပါအဝင် ဒေသခံ ၅ ဉီးတို့ လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရ ကြတာ ဖြစ်ပါတယ်။