ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ မနေ့က စက်တင်ဘာ ၉ ရက် တစ်ရက်တည်းအတွင်း စစ်ကောင်စီနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားတယ်လို့ သိရပါတယ်။
နံနက်ပိုင်း ၉ နာရီကနေ ၁၀ နာရီ ၁၅ မိနစ်ထိ လွယ်ဆမ်စစ်တောင်ခြေ နမ့်ပါချီးရွာအဝင်လမ်းခွဲ မှာတစ်ကြိမ် ၊ သိန္နီ ဘက်ကနေ ကွတ်ခိုင်ဘက်ကို စစ်အင်အားဖြည့်ဖို့တက်လာတဲ့ စစ်ကောင်စီကား အစီးပေါင်း ၃၀ ဝန်းကျင်လောက် ကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA တို့က နမ့်ပါချီး ရွာအဝင်လမ်းခွဲမှာ ဖြတ်တိုက်လို့ ညနေ ပိုင်း ၆ နာရီ ၁၀ မိနစ်ကနေ ည ၆ နာရီ ၅၁ မိနစ်ထိ ထပ်တစ်ကြိမ် ဖြစ်တယ်အဲ့ချိန် တော့ စစ်ကောင်စီဘက်က ကားတစ်စီး လက်နက်ကြီးထိတယ် လို့ကြားတယ် လူဘယ်နှစ်ယောက်ထိလဲဆိုတာတော့မသိရဘူး ၊ ည ၈ နာရီ ကနေ ည၈နာရီ ၂၀ မိနစ်ထိ ကွတ်ခိုင် အေ ရှားဝေါလ်ဂိတ်မှာ တစ်ကြိမ် စုစုပေါင်းသုံးကြိမ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအနေအထားထိ ကွတ်ခိုင်မြို့နယ်မှာ ကချင်တပ်ဖွဲ့ KIA နှင့်စစ်ကောင်စီတို့ နှစ်ဖက်လုံးစစ်အင်အားဖြည့်ပြီး စစ် ရေးတင်းမာနေလို့ အချိန်မရွေး တိုက်ပွဲထပ်ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။