ကွတ်ခိုင်မှာ စစ်ကောင်စီနှင့် KIA တိုက်ပွဲဖြစ်ပွား ၊ က လေးငယ်တစ်ဦးလက်နက်ကြီးကျည်ထိမှန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က စစ်ကောင်စီရဲ့ ဗျုဟာတပ်စခန်းအနီးမှာ စစ်ကောင်စီတပ်နှင့် ကချင် တပ်ဖွဲ့ KIA တို့တိုက်ပွဲ ပြင်းထန်ပြီး မော်ဟစ်ကျေးရွာက ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့တယ် လို့ ဒေသခံတွေစီက သိရပါတယ်။

photo creidit

စက်တင်ဘာ ၆ ရက် ညနေပိုင်း ၃ နာရီကျော် မှာ  နမ့်ဖတ်ကာကျေးရွာအနီး KIA တပ့်စခန်းကို စစ်ကောင်စီဘက်က တိုက်လေယဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ည ပိုင်း ၈ နရီ၀န်းကျင် ကနေ ည ၉ နာရီကျော်ထိ  KIA ဘက်က ကွတ်ခိုင်မြို့ စစ်ကောင်စီ ဗျုဟာတပ်စခန်းကို လာရောက်ပစ်ခတ်လို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ် ပွားကာ ကွတ်ခိုင်မြို့အထွက် မော်ဟစ်ရွာအတွင်း လက်နက်ကြီးကျရောက်မူကြောင့် ကလေးငယ်တစ် ဦးထိမှန်ပြီး ကွတ်ခိုင်ဆေးရုံသို့ ပို့ ဆောင်လိုက်ရတယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ SSPP/SSA ကလွဲပြီး ကချင်တပ်ဖွဲ့ KIA ၊ ကိုးကန့်တပ်ဖွဲ့ MNDA  ၊ တအာင်းပလောင်တပ်ဖွဲ့ TNLA  နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ လုပ်ရှားသွားလာနေကြတဲ့ဒေသ ဖြစ်ပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img