ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းရဲအုပ်စု နမ့်တောင်းတံတားအနီးမှာ SSPP/SSA တပ်ဖွဲ့နဲ့ RCSS/SSA တပ်ဖွဲ့တို့ ယနေ့ နံနက် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြတယ်လို့ ဒေသခံတွေစီကကြားသိရ ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှာ လဲချား – မိုင်းနောင် ကားလမ်းရဲ့အရှေ့ဘက် ခြမ်းကနေ RCSS/SSA တပ်ဖွဲ့တို့သည် ကားလမ်း ရဲ့ အနောက်ဘက်ခြမ်းထဲကို အင်အား ၂၀ ဝန်းကျင်နဲ့ ဝင်ရောက်လာပြီး ကားလမ်းရဲ့ အနောက်ဘက်ခြမ်းမှာ အခြေချလုပ်ရှားထားတဲ့ SSPP/SSA တို့နှင့် နံနက် ၇ :၃၀ နာရီ ကနေ ၇ : ၄၈ နာရီထိ ကျေးသီးမြို့နယ် မိုင်းရဲအုပ်စု နမ့်တောင်းတံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြတာဖြစ်ပြီး တိုက် ပွဲအတွင်း ထိခိုက်သေဆုံးမူ့ကိုတော့မသိရသေးပါဘူး။
တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ RCSS/SSA တပ့်ဖွဲ့တို့ဘက်က မိုင်းနောင်-လဲချား ကားလမ်းရဲ့ အရှေ့ဘက်ထဲကို ပြန် ပြေးဝင်ပြီး ဖုန်းကြီးကျောင်းတစ်နေရာမှာ လူစုနေကြတယ်လို့ အမည်မဖော်လိုတဲ ဒေသခံတစ်ဦးကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းမှာလဲ စက်တင်ဘာ ၁၇ ရက်နေ့ကတစ်ကြိမ် ၂၀ ရက်နေ့မှာတစ်ကြိမ် SSPP/SSA တပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားကြပြီး လက်ရှိအချိန်ထိ စစ်ရေးတင်း မာနေ သေးတယ်လို့ သိရပါတယ်။