(EAO)များအနေဖြင့် လက်နက်ဆက်ကိုင်ချင်ပါက စစ်တပ်ထဲဝင်ခွင့်ပြုမည်ဟု စစ်ခေါင်းဆောင်ပြော

22-08-2022 ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်က NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ အနေဖြင့် လက်နက်ဆက်ကိုင်ချင်ပါက မြန်မာစစ်တပ် ဒါမှမဟုတ် နယ်ခြားစောင့်တပ် (BGF) ထဲ ဝင်ခွင့်ပေးမယ်လို့ ပြောပါတယ်။

Photo Cedit.

သို့သော် ပြည်သူများအား ထိခိုက်နစ်နာမှုများ ရှိလာမည်ဆိုပါက နစ်နာသူဖက်က တောင်းဆိုခဲ့လျှင် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဤကိစ္စနှင့်ပါတ်သက်ပြီး ပြည်သူထဲမှ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ ” စစ်ခေါင်းဆောင်ပြောသွားတဲ့အနေအထားကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး (NCA) သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO)များအနေနဲ့ စစ်တပ်ထဲ ဒါမှမဟုတ် နယ်ခြားစောင့်တပ် (BGF) ထဲမှာ မပါဝင်ဘူးဆိုရင် လက်နက်စွန့်လွတ်ရမယ် ဆိုတဲ့သဘောပဲ ဖြစ်တယ် ” လို့ သုံးသပ်ပြော ဆိုထားပါတယ်။

 EAO များ အနေနဲ့ တိုင်းရင်းသားအခွင့်အရေး၊ ဒေသအခွင့်အရေး ရရှိဖို့အတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါကလည်း ဥပဒေနှင့်ညီညွတ်သည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့အတွက် ကူညီပေးသွားမည်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

#sschannel.tv#

Latest articles

spot_imgspot_img

Related articles

spot_imgspot_img