အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်ကာလအတွင်း ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီနှင့် ၎င်း၏ လက် အောက်ခံအဖွဲ့အစည်းတွေက နေအိမ်ပေါင်း ၁၃၂ လုံး မီးရှို့ဖျက်ဆီးဖျက်ဆီးခံ ခဲ့ရကြောင်း သိရသည်။
ဩဂုတ်လ ၂၇ ရက်နေ့မှာ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ – အာဏာသိမ်းပြီး တစ်နှစ်ကျော် ကာလ အတွင်း စစ်ကောင်စီ နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများ၏ ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အာဏာသိမ်းချိန်မှ ၂၀၂၂ ဩဂုတ်လ ၂၅ ရက်နေ့ထိ နေရာပေါင်း ၆၇၄ နေရာတွင် နေအိမ်ပေါင်း ၂၈၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
ရှမ်းပြည်တောင်ပိုင်းမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များမှာ ဖယ်ခုံမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် အများဆုံးဖြစ် ပွားခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေအိမ်မီးလောင်မှုမှာ ပြည်နယ် ၆ ခု နှင့် တိုင်းဒေသကြီး ၅ ခု ဖြစ်ကြပြီး ၊ နေအိမ်မီး လောင်မှုအများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးဖြစ်ကြောင်းသိရသည်။
Information Credit. Data Fro Myanmar