သီပေါမြို့နယ်မှာ TNLA တပ့်ဖွဲ့က အတင်းအားဓမ္မနည်းဖြင့် လူသစ်စုဆောင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပလောင်လူမျိုးနေထိုင်များတဲ့ ကျေးရွာတစ်ချို့တွေမှာ တအာင်းပလောင်တပ်ဖွဲ့ TNLA တွေက မကြာခဏ ဆိုသလို အတင်းအားဓမ္မနည်းနဲ့ ရွာသူရွာသားတွေကို လိုက်လံဖမ်းစီးပြီး လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေ ပြောခဲ့သည် ။

Photo creidit.

TNLA တပ်ဖွဲ့ ဖမ်းစီးခေါ် ဆောင်သွားသည့် အမည်စာရင်းများမှာ-သြဂုတ် ၂၉ ရက် နံနက် ၂ နာရီခွဲအချိန်မှာ သီပေါမြို့နယ် စံဖိတ် ကျေးရွာက ဦးစံသိန်း အသက် ၅၀ ပလောင်လူမျိုး ၊ ကိုရာကျော် အသက် ၄၀ ပလောင်လူမျိုး ၊ ဦးထွန်းနိုင် အသက် ၄၅ ဗမာလူမျိုး ၊ ဒေါ်နန်းငွေ အသက် ၄၃ ရှမ်းလူမျိုး တို့ဖြစ်ပြီး နံနက်ပိုင်း ၆ နာရီ ၅၀ မိနစ်အချိန်မှာတော့ နားမုံကျေးရွာက အသက် ၂၄ နှစ်အရွယ်ဖြစ်တဲ့ မောင်အိုက်ဂူး ဆိုသူကို အိမ်ထိ လာရောက်ဖမ်းစီးခေါ်ဆောင်သွားကာ ၎င်းနဲ့အတူ ပိုက်ဆံ ၈၀၀၀၀ ကျပ် နှင့် ဖုန်း ၃ လုံးပါ သိမ်းစည်းယူဆောင်သွားတယ်လို့ ဒေသခံတွေပြောပြပါတယ်။
 
သီပေါမြို့နယ်မှာ ဒေသခံပြည်သူတွေကို အတင်းအားဓမ္မနည်းနဲ့ လိုက်လံဖမ်းစီးပြီး လူသစ်စုဆောင်းရေးလုပ်နေတဲ့ TNLA တပ်ဖွဲ့ထဲမှ ဦးဆောင်သူကတော့ တပ်ရင်းအမှတ် ၂၅၆ ထဲက တာ့ရူးကော ဆိုသူဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ပလောင်လူငယ်တစ်ဦးကပြောပြပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img