ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် နှင့် လဲချားမြို့နယ် ထဲမှာ တစ်ရက်တာအတွင်း ပစ်ခတ်မှု ၃ နေရာဖြစ်ပွား

ပြီးခဲ့တဲ့ 15 August 2022 ရက်နေ့ မနက် ၁၀ နာရီခန့်က ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ပန်ပို နှင့် ဟမ်းငိုင်း ကြားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

Photo Credit.

အလားတူ 14 August 2022 ရက်နေ့မှာလည်း ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတု နှင့် ဟမ်းငိုင်း ကြားမှာ ပေါက်ကွဲမှု ဖြစ်စဉ် တစ်ကြိမ်၊ လဲချားမြို့နယ် ထုန့်ယိန်းဒေသမှာ ညနေပိုင်း ၄ နာရီခန့်မှာ ပစ်ခတ်မှု တစ်ကြိမ်၊ ညနေပိုင်း ၆ နာရီခန့်မှာလည်း လဲချားမြို့ရဲ့ အရှေ့တောင်ဘက်မှာ လက်နက်ကြီး/ငယ် ပစ်ခတ်မှု တစ်ကြိမ် စုစုပေါင်း တစ်ရက်တည်းမှာ ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

Photo Credit.

ဒေသခံ တစ်ဦးပြောကြားချက်အရ – “ ကျွန်တော်တို့က လက်နက်ကြီး/ငယ် ပစ်ခတ်သံတော့ ကြားရတယ်ဗျ၊ တိုက်ပွဲကြီးကြီးမားမားဖြစ် တာတော့ မဟုတ်ဘူး၊ ကျွန်တော် အထင်တော့ တစ်ဖက်က ပြောက်ကျားစနစ် နဲ့ လာရောက်ချောင်းမြောင်းပစ်ခတ် လို့ တစ်ဖက်ကပြန်လည်တုံ့ပြန်တဲ့ အနေထား လောက်ပါပဲ ခဏအတွင်းပဲ ပြန်ငြိမ်သွားတယ်ဗျ၊ ဖြစ်စဉ်က ဖြစ်ပွားပြီးချိန် ပြန်ကြားသိရတာကတော့ ချောင်းမြောင်းပစ်ခတ်ခံရလို့ SSPP/SSA ရဲဘော် ၂ ယောက် ဒဏ်ရာရထားကြောင်းသိရပါတယ်၊၊ ထုန့်ယိန်း ဒေသ ဘက်ကဖြစ်စဉ်ကတော့ လာရောက်ချောင်းမြောင်းပစ်ခတ်တဲ့ RCSS တပ်သားများကို SSPP/SSA မှ ပြန်လည်ခုခံတုံ့ပြန်တိုက်ခိုက်ခဲ့လို့ RCSS တပ်သားတစ်ယောက်ကျဆုံးသွားတယ်လို့သိရပါတယ်ဟု” ပြောသည်။

လက်ရှိအခြေနေ ထိတော့ ပြည်သူလူထုထိခိုက်မှုတော့ မရှိပါဘူး လို့ ၎င်းကပြောသည်။

မိုင်းကိုင်မြို့နယ် နဲ့ လဲချားမြို့နယ်ထဲမှာ  ချောင်းမြောင်းပစ်ခတ်မှု ၊ ဗုံးထောင်ဖောက်ခွဲမှုတွေ မကြာခဏ ဖြစ်ပွား လျက်ရှိသောကြောင့် ဗုံးဒဏ်သင့်ပြည်သူများလည်း မကြာခဏရှိသောကြောင့် ပြည်သူလူထုများအနေဖြင့်  အသွားအလာ ဆင်ခြင်နေရပါတယ်။

#SSChannel.tv#

Latest articles

spot_imgspot_img

Related articles

spot_imgspot_img