မူဆယ်မြို့တွင်း ပေါက်ကွဲမူ့ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က ဆင်ဖြူစျေးအနောက်ဘက် မင်္ဂလာမူဆယ် လမ်းမပေါ်မှာ မနေ့ 21-08-2022 ရက်နေ့ ညနေ 13 : 50 အချိန်မှာ မိုင်းတစ်လုံး ပေါက်ကွဲတယ်လို့ ဒေသခံ တွေစီကနေကြားသိရပါတယ်။

Photo Credit.


ဒီဖောက်ခွဲ မူ့ကို ဘယ်သူ ဘယ်အဖွဲက လုပ်ဆောင်ခဲ့သလဲဆိုတာ SS Channel အနေနဲ့ အတည်မပြုနိုင်သေးပါ။
ဖောက်ခွဲမူ့ကြောင့် လမ်းမတစ်ချို့ ပျက်စီးပြီး ထိခိုက်သေဆုံးတာတွေတော့ မရှိဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကပြောပြပါတယ်။


မူဆယ်မြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ August 1 ရက်နေ့ တုံးက အမှတ်(၁) စျေး မီးပွိုင့်လမ်းဆုံမှာတစ်ကြိမ် ပေါက်ကွဲမူ့တစ်ခါဖြစ်ပွားပြီး အဲ့ဒီပေါက်ကွဲမူ့ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ယဥ်ထိန်းရဲတစ်ဦး ၊ ပြည်သူ့စစ်သုံးဦး အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ် ရာရခဲ့ပါတယ်။
မူဆယ်မြို့နယ်ဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ တို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တအာင်းပလောင်တပ်ဖွဲ့ TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ လုပ်ရှားနေကြပါတယ်။

#sschannel.tv#

Latest articles

spot_imgspot_img

Related articles

spot_imgspot_img