နာရေးအိမ်တစ်အိမ်က ရွာသူ/သား ၅၀ ကျော်ကို TNLA အဖွဲ့မှ ဖမ်းစီးခေါ်ဆောင်သွား

၂၃ -၀၈-၂၀၂၂ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဝမ်မိုင်‌ကျောင်းစု ကျေးရွာအတွင်း သက်ကြီးရောဂါနဲ့ဆုံးပါးသွားတဲ့ ဦးပေါအွန်ရဲ့ အသုဘ ပြုလုပ်နေစဥ် နံနက် ၃ နာရီကျော်အချိန်မှာ တအာင်းပလောင် TNLA တပ်ဖွဲ့ လူအင်အား ၃၀ လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်လာပြီး အသုဘနေအိမ်ရှိ ရွာသူ/ရွာသား ၅၄ ယောက်ကို ဖမ်းစီးသွားတယ်လို ကျေးရွာဒေသခံ တွေကပြောပါတယ်။

Photo Credit.

ဖမ်းစီးခံရသူတွေထဲမှာ ၁၀ ကျော်သက်အရွယ်ကနေ အသက် ၅၀ ကျော်အရွယ် ထိဖြစ်ပြီး အဲ့ထဲမှာ အမျိုးသမီး ၇ ဦး ၊ ရှမ်းလူမျိုး ၂ ဦး ၊ တရုတ်လူမျိုး ၂ ဦး ၊ ကုလား လူမျိုး ၁ ဦးနှင့် ကျန်တာတွေကတော့ ပလောင်လူမျိုးတွေဖြစ်ကြတယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာ ဒေသခံတစ်ဦးကပြောပါတယ်။

သီပေါမြို့နယ်ကတာဝန်ရှိသူတစ်ဦး ပြောပြတာကတော့ ” သြဂုတ်လ ၂၄ ရက်နေ့မှာ တအာင်း ပလောင်လူမျိုးဖြစ်တဲ့ အမျိုးသမီး ၇ ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးကိုပြန်လွတ်ပေး လိုက်ပါပြီ။ ကျန်တဲ့သူတွေကတော့ ပြန်မလွတ်သေးပါဘူး ဖမ်းစီးထားတဲ့ ရှမ်းလူမျိုးနှစ်ဦးပြန်လွတ်ပေး ရေးအတွက်တော့ SSPP/SSA အဖွဲ့က တောင်းဆိုထားပြီးပါပြီ အကြောင်းတော့မပြန်သေးဘူးပေါ့ ဒါကတော့ လူသစ်စုဆောင်းတဲ့ ကိစ္စပဲဖြစ်မှာပါ ” လို့ဆိုပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img