ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင် အုပ်စု ဝိန်းနန် ကျေးရွာအနီးမှာ တပ်စိုက်ထားတဲ့ တအာင်းပလောင် TNLA တပ်ဖွဲ့သည် ဒေသခံရွာသူ ရွာသားတွေ စိုက်ပျိုး ထိန်းသိမ်းထားတဲ့ သစ်တောထဲက အပင်တွေကို ခိုးဖြတ်သယ်ယူသွားတယ်လို့ ဒေသခံတွေစီက သိရပါတယ်။
မနေ့က သြဂုတ် ၃၀ ရက် နေ့လည် ၁၂ နာရီ ဝန်း ကျင်မှာ TNLA တပ်သား ၇ ယောက် ထွေလာဂျီ အသေးစား တစ်စီး ၊ ၄ ဝီးကား တစ်စီးနဲ့ ပန်ခမ်းရွာထိပ်နားက ဒေသခံပြည်သူတွေ စိုက်ပျိုးထိန်းသိမ်းထားတဲ့ မယ်ဇလီပင် တွေကို ခွင့်ပြုချက်မရှိပဲ လာခုတ်သယ်ယူ သွားကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဘယ်သူ့ကိုမှမမေးဘူး ဘာခွင့်ပြုချက်မှမရဘူးလေ ဒီလိုပုံစံနဲ့ ခိုးဖြတ်ပြီး သူတို့တပ်စွဲထားတဲ့လမ်း ကြောင်းဘက်မှာ သယ်သွားကြတာ။ သူတို့ သယ်သွားတဲ့အချိန် တွေ့တဲ့လူ ရှိလို့ သက်ဆိုင်ရာ သွားသူ/ရွာသားတွေ သွားကြည့်တော့ ပန်ခမ်းရွာထိတ်မှာ ရွာခံတွေ စိုက်ထားတဲ့ မယ်ဇလီပင်တွေ လာခုတ်သွားတာ ရွာခံတွေ သွားပြောကြတယ် ဘယ်လိုရှင်းကြမှာလဲဆိုတာတော့ မသိသေးဘူးလို့ မိုင်းရင်ဒေသခံ လူငယ်တစ်ဦးကပြောပြပါတယ်။