ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ရာထူးမှ ယာယီဆိုင်းငံ့ထားပြီဖြစ်ကြောင်း ထိုင်းသတင်းများတစ်ချို့က ဆိုပါတယ်။
၂၀၁၇ ခုနှစ် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါရှိသည့် ဝန်ကြီးချုပ်ရာထူးသက်တမ်း အမြင့်ဆုံး ၈ နှစ် ဖြစ်သည့်အတွက် ၂၄-၀၈-၂၀၂၂ ရက်နေ့ နံနက် ပိုင်း မှာ အတိုက်ခံလွှတ်တော်အမတ် ၁၇၂ ဦးရဲ့ လျှောက်ထားချက်ကို ထိုင်းဖွဲ့စည်းပုံအခြေခံ တရား ရုံးက လက်ခံထားပြီး ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ရာထူးမှ ယာယီရပ်ဆိုင်းလိုက်ကာ ၎င်းနေရာ ကို ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆုဝန်က တာဝန်ယူမည် ဖြစ်ပါ သည်။