စစ်ကောင်စီတပ် နှင့် KIA + PDF ပူးပေါင်းစစ်ကြောင်းတိုက်ပွဲပြင်းထန်


ယနေ့ ၂၅.၀၈.၂၀၂၂ ရက်နေ့မှာ နမ္မတူ – ဘော်တွင်း – မန်တုံ လမ်းပိုင်းရေကန်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်နဲ့ KIA + PDF ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

Photo Credit.


နမ္မတူမြို့ခံတစ်ဦးရဲ့ ပြောကြားချက်အရ “ တိုက်ပွဲဖြစ်ပွားတဲ့ နေရာက ဘော်တွင်းကိုရေဖြန့်ပေးတဲ့ ရေကန်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ကို KIA + PDF ပူးပေါင်းကြောင်း အင်အား ၃၀၀ လောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်ဗျ၊ တိုက်ပွဲဖြစ်ပွားချိန်ကတော့ မနက် ၆ နာရီ ၄၅ မိနစ် ကနေ ၁၀ နာရီ ၃၀ မိနစ်ထိ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲဖြစ်ပွားနေချိန် ၈ နာရီခွဲလောက်မှာတော့ နမ္မတူမြို့ အခြေစိုက် ခမရ (၃၂၄) တပ်ကနေ လက်နက်ကြီး ၁၁ ချက် ပစ်ခတ်သံကြားခဲ့တယ်ဗျ၊ သူတို့တပ်ကို ပစ်ကူတယ်လို့တော့ ထင်တာပဲ၊ အခုချိန်မှာတော့ စစ်တပ်ဘက်က အဲ့လမ်းအသွားအလာကို ခဏပိတ်ထားတယ် တယ်လို့ကြားရတယ် ” ဟု ဆက်လက်ပြောလိုက်ပါတယ်။

Photo Credit.


၂၄.၀၈.၂၀၂၂ မနေ့တုန်းကလည်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( MPDF ) နဲ့ စစ်ကောင်စီတပ် အမှတ် ( ၅၀၃ ) တို့ နောင်ချိုမြို့နယ် လုံခန်ကျေးရွာ အနီးမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်မှ လေကြောင်းအကူအညီနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။

Latest articles

spot_imgspot_img

Related articles

spot_imgspot_img